Twitch Streamer သုံးဦးကို စာချုပ်ချုပ် ခေါ်ယူနိုင်ခဲ့တဲ့ YouTube

Twitch Streamer သုံးဦးကို စာချုပ်ချုပ် ခေါ်ယူနိုင်ခဲ့တဲ့ YouTube

ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က Twitch Platform ရဲ့ နာမည်ကျော် Streamer တွေဖြစ်ကြတဲ့ Ninja နဲ့ Shroud တို့ Microsoft ရဲ့ Streaming Platform Mixer ကို ကူးပြောင်းသွားခဲ့ခြင်းက စတင်ကာ Streaming Platform တွေ အကြား တိုက်ပွဲတွေ စတင်လို့ လာခဲ့ပါတယ်။  ယခုအခါမှာလည်း Google ရဲ့ ကိုယ်ပိုင် Streaming Platform ဖြစ်တဲ့ YouTube အနေနဲ့ Twitch Streamer သုံးဦးကို ထပ်ခံ ခေါ်ယူသွားနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Valkyrae

Amazon အပိုင် Twitch Platform ကနေ Google အပိုင် YouTube ကို ပြောင်းရွေ့သွားခဲ့တဲ့ Streamer တွေကတော့ Rachell “Valkyrae” Hofstetter, Lannan “LazarBeam” Eacott, Elliott “Muselk” Watkins တို့ပဲ ဖြစ်ပါတယ်။ YouTube အနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းကလည်း Twitch Platform ရဲ့ နာမည်ကျော် Fortnite Streamer Jack “CouRage” Dunlop ကို အခြားသော Streaming Platform တွေဖြစ်တဲ့ Mixer, Facebook တို့ထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့သလို ယခုအခါမှာလည်း Twitch Platform ရဲ့ နာမည်ကျော် Streamer သုံးဦးကို ထပ်မံခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

LazarBeam

လက်ရှိအချိန်မှာ Twitch အနေနဲ့ Streaming စျေးကွက်ရဲ့ ၆၇ ရာခိုင်နှုန်းကို သိမ်းယူထားနိုင်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေပေမယ့် YouTube အနေနဲ့ စျေးကွက်ရဲ့ ၂၇.၅ ရာခိုင်နှုန်းအထိ သိမ်းပိုက်ကာ ဒုတိယနေရာအထိ တက်လှမ်းလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Streamer တွေကို ကြည့်ရှုအားပေးသူ လူဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီ ဖြစ်တာနဲ့အညီ Streaming Platform တွေ အနေနဲ့လည်း နာမည်ကျော် Streamer တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ခေါ်ယူနိုင်ရေး အတွက် မက်လုံးပေး မြူစွယ်မှုတွေ ပြုလုပ်လို့ လာခဲ့ပါတယ်။

Muselk

YouTube အနေနဲ့ Streaming ‌လောကရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ရေး အတွက် တဖြည်းဖြည်းနဲ့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်သလို အခြားသော Streaming Platform တွေဖြစ်တဲ့ Mixer, Facebook တို့အနေနဲ့လည်း နာမည်ကျော် Streamer တွေကို လက်ဝယ် ပိုင်ဆိုင်နိုင်ရေး အတွက် အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ပြီ ဖြစ်တာကြောင့် Streaming လောကရဲ့ နံပါတ် ၁ နေရာမှာ အချိန်ကာလ ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့တဲ့ ရှင်ဘုရင်ကြီး Twitch အနေနဲ့ ပြိုင်ဘက်တွေအပေါ် ဘယ်လို တုံ့ပြန်သွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports