နာမည်ကျော် ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ Winstrike Dota 2

နာမည်ကျော် ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ Winstrike Dota 2

CIS ဒေသတွင်း အခြေစိုက် Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Winstrike အနေနဲ့ 2018-2019 DPC ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးပြီး သိပ်မကြာခင် အချိန်အတွင်းမှာ Winstrike ကိုယ်စားပြု ကစားသမား အားလုံးကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

ArsZeeqq

ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်ပြီး နောက်ပိုင်းမှာ Virtus Pro Dota 2 အသင်းရဲ့ နာမည်ကျော် နည်းပြကြီး Arsenij “ArsZeeqq” Usov ကို အသင်းရဲ့ နည်းပြရာထူးအတွက် ခန့်အပ်ပြီး နည်းပြကြီး ArsZeeqq စိတ်တိုင်းကျ ကစားသမားတွေကို ခေါ်ယူခွင့် ပေးသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ နည်းပြကြီး ArsZeeqq စိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ Winstrike အသင်းရဲ့ ကစားသမား စာရင်းကို တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ Winstrke Dota 2 အသင်းမှာ CIS ဒေသတွင်း နာမည်ကျော် ကစားသမားပေါင်း များစွာ ပါဝင်သလို ပရိသတ်နဲ့ ရင်းနှီးမှု မရှိသေးတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။

Winstrke Dota 2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nikita “Daxak” Kuzmin (Pos 1)
  • Maxim “Mellojul” Pnev (Pos 2)
  • Vasily “AfterLife” Shishkin (Pos 3)
  • Ilya “ALOHADANCE” Korobkin (Pos 4)
  • Vladimir “RodjER” Nikoghosyan (Pos 5)
  • Arsenij “ArsZeeqq” Usov (Coach)

Daxak နဲ့ AfterLife တို့အနေနဲ့ ပြီးခဲ့တဲ့နှစ် 2018-2019 DPC ရာသီမှာ Gambit Dota 2 အသင်းနဲ့ အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ပေမယ့် TI 9 မှာ ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် လက်ရည်စစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကစားသမားတွေ အကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့တာကြောင့် The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

Rodjer

ALHOHADANCE ဆိုတာကတော့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ HR Dota 2 အသင်းရဲ့ Pos 4 ကစားသမားဟောင်း တစ်ဦး ဖြစ်ခဲ့ပေမယ့် အသင်း စည်းကမ်းတွေကို လိုက်နာခဲ့ခြင်း မရှိတာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ယခင် အသင်းတွေမှာ ဘယ်လိုပဲ စည်းကမ်း မလိုက်နာမှုတွေ ရှိခဲ့ပေမယ့် ALOHADANCE ရဲ့ စွမ်းဆောင်ရည်က အဆင့်အတန်း တစ်ခုမှာ တည်ရှိနေတာကြောင့် ArsZeeqq အနေနဲ့ အခုလို ခေါ်ယူခဲ့ရတာပဲ ဖြစ်ပါတယ်။

Daxak

အသစ်ဖွဲ့စည်းထားတဲ့ Winstrike Dota 2 အသင်းရဲ့ Pos 5 နေရာမှာ ဝင်ရောက် ကစားသွားမှာကတော့ Virtus Pro Dota 2 အသင်းနဲ့ အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ RodjER ပဲ ဖြစ်ပါတယ်။ RodjER အနေနဲ့ ယခင် အချိန်တွေတုန်းက Pos 4 ကစားသမား အဖြစ် တာဝန်ယူခဲ့ပေမယ့် Winstrike Dota 2 အသင်းမှာတော့ Pos 5 (Hard Support) ကစားသမား အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Afterlife

Winstrike Dota 2 အသင်းရဲ့ Pos 2 ကစားသမားဖြစ်သူ Mellojul ဆိုတာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှု သိပ်မရှိသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Mellojul အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကို CIS ဒေသတွင်း Tier-2 အသင်း တစ်သင်းဖြစ်တဲ့ Nemiga Gaming Dota 2 အသင်းရဲ့ Pos 2 (Mid) ကစားသမား အဖြစ် ၂၀၁၉ ခုနှစ်၊ နှစ်လည်ပိုင်းမှာ စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Alohadance

အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ Winstrike Dota 2 အသင်း အနေနဲ့ လက်ရှိ အချိန်မှာ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲကြီးဖြစ်တဲ့ DreamLeague Season 13 လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ဒုတိယမြောက် Major ပြိုင်ပွဲကြီးကို တက်လှမ်းနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports