အလုံးစုံ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ CSGO အသင်း Virtus Pro

အလုံးစုံ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ CSGO အသင်း Virtus Pro

ရုရှားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Virtus Pro အနေနဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ CSGO လောကမှာ ပြန်လည် ဦးမော့နိုင်စေဖို့ အတွက် ရည်ရွယ်ပြီး အလုံးစုံသော ကစားသမား အပြောင်းအလဲကို ပြုလုပ်ခဲ့ပါတယ်။ Virtus Pro CSGO အသင်းကို စတင် တည်ထောင်ခဲ့စဥ် အချိန်ကတည်းက ပိုလန်နိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမား အများစုနဲ့ ဖွဲ့စည်းခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ VP CSGO အသင်းမှာ ပိုလန်နိုင်ငံသားတွေ ပါဝင်တော့မှာ မဟုတ်ပါဘူး။

Ex-Virtus Pro CSGO Rosters

အသစ်ဖွဲ့စည်းသွားမယ့် CSGO အသင်းမှာ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့ အတိုင်း AVANGAR CSGO အသင်းရဲ့ ကစားသမားတွေ ပါဝင်ကစားသွားကြမှာ ဖြစ်ပါတယ်။ AVANGAR CSGO အသင်း အနေနဲ့ စက်တင်ဘာလ အတွင်းမှာ ကျင်းပသွားခဲ့တဲ့ BLAST Pro Series: Moscow 2019 မှာ နာမည်ကျော် CSGO အသင်းတွေဖြစ်တဲ့ MIBR, Natus Vincere, Ninja in Pyjamas စတဲ့ အသင်းတွေ ကျော်ဖြတ်ကာ ပထမဆုကို ရယူနိုင်ခဲ့ပါတယ်။

BLAST Pro Series: Moscow 2019 မှာ ချန်ပီယံဆုကို ရရှိခဲ့သလို အခြားသော ပြိုင်ပွဲတွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် အခုလို Virtus Pro Esports အဖွဲ့အစည်း အနေနဲ့‌ ခေါ်ယူဖို့ မျက်စိကျခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ် ခေါ်ယူလိုက်တဲ့ Virtus Pro CSGO အသင်းသား အများစုဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတာကြောင့် အရည်အချင်းရှိ နည်းပြတစ်ဦးရဲ့ ကောင်းမွန်တဲ့ သင်ကြား ပြသမှုတွေသာ ခံယူလိုက်ရမယ်ဆိုရင် ယခုထက် ပိုပြီးအောင်မြင်မှုတွေကို စွတ်ခူးနိုင်မှာ အသေအချာပါပဲ။

Virtus Pro CSGO အသင်းကို ပုံစံအသစ်ဖြင့် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး VP Esports အဖွဲ့အစည်း General Manager Roman Dvoryankin ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ဒီနေ့ဟာ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ Counter Strike လောကမှာ သမိုင်းသစ် တစ်ခုကို ပြန်လည် ရေးထိုးနိုင်ခဲ့တဲ့ နေ့ရက်တစ်ရက်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ အဖွဲ့အစည်း လက်အောက်ခံ CSGO အသင်း၊ Dota 2 အသင်း နှစ်သင်းလုံးမှာ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် အခြေခံ အုတ်မြစ်ကို ချမှတ်နိုင်ခဲ့ပြီလို့ ကျွန်‌တော်ကတော့ ထင်မြင်မိပါတယ်။

ယနေ့ CSGO လောကမှာ Virtus Pro ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ VP CSGO အသင်းရဲ့ ကစားသမားဟောင်း အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားပေးချင်ပါတယ်။ VP CSGO အသင်းကို ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် သစ္စာရှိရှိ အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။”

Virtus Pro CSGO အသင်းရဲ့ ခေါ်ယူမှုကို ရယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ကစားသမားသစ်ဖြစ်သူ Dzhami “Jame” Ali ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Jame

“ဒီနေ့ဟာ ကျွန်တော်တို့ အားလုံးအတွက် စိတ်လှုပ်ရှားစရာ နေ့ရက်လေး တစ်ရက်ပဲ ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့အကြီးဆုံး Esports အဖွဲ့အစည်းတွေ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Virtus Pro လက်အောက်ခံ CSGO အသင်းမှာ ဝင်ရောက် ကစားခွင့်ရတဲ့ အတွက်လည်း အထူးပဲ ဂုဏ်ယူမိပါတယ်။ VP CSGO အသင်းကိုလည်း ယခင် အချိန်တွေတုန်းက CSGO ထိပ်သီး အသင်းတစ်သင်း ဖြစ်လာအောင် အစွမ်းကုန် ပြန်လည် ကြိုးစားသွားမှာပါ။ AVANGAR Esports အဖွဲ့အစည်းကိုလည်း ကျွန်‌တော်တို့ အားလုံးကို အခုလို အခွင့်အရေး ပေးခဲ့တဲ့ အတွက် အထူးပဲ ကျေးဇူးတင်မိပါတယ်။”

အသစ်ဖွဲ့စည်းလိုက်တဲ့ CSGO အသင်း အနေနဲ့ EPICENTER 2019 မှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာ နာမည်ကျော် CSGO အသင်းတွေဖြစ်တဲ့ EG, Mousesports စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဥ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Virtus Pro CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Dzhami “Jame” Ali
  • Alexey “qikert” Golubev
  • Timur “buster” Tulepov
  • Sanjar “SANJI” Kuliev
  • Dauren “AdreN” Kystaubayev
  • Dastan “dastan” Akbayev (Coach)

REF: VpEsports