အစားထိုး ကစားသမား တစ်ဦးကို အသင်းရဲ့ တရားဝင် ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်တဲ့ Virtus Pro

အစားထိုး ကစားသမား တစ်ဦးကို အသင်းရဲ့ တရားဝင် ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်တဲ့ Virtus Pro

Virtus Pro အနေနဲ့ 2018-2019 DPC ရာသီမှာ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် The International 2019 မှာတော့ လူအများစု မျှော်လင့်ထားသလို အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။ TI 9 ပြီးဆုံးသွားချိန်မှာ အသင်းရဲ့ Carry ကစားသမား Ramzes အနေနဲ့ EG Dota 2 အသင်းကို ပြောင်းရွေ့သွားခဲ့သလို Offlane ကစားသမားဖြစ်သူ Pasha အနေနဲ့လည်း Navi Dota 2 အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ Pos 4 ကစားသမား တစ်ဦးဖြစ်သူ Rodjer ကိုလည်း အသင်းကနေ အနားပေးလိုက်တာကြောင့် အသင်းမှာ Mid ကစားသမား No One နဲ့ Pos 5 ကစားသမား Solo တို့သာ ကျန်ရှိခဲ့ပါတယ်။ နာမည်ကျော် ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားပေမယ့်လည်း နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Resolution ကို အသင်းရဲ့ Offlane ကစားသမား အဖြစ် ခေါ်ယူခဲ့ပြီး Carry ကစားသမား Epileptick1d၊ Pos 4 ကစားသမား Save တို့ကို အစမ်းခန့် ကစားသမားတွေ အဖြစ် ခေါ်ယူခဲ့ပါတယ်။

ကစားသမား အသစ် သုံးဦးနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ VP Dota 2 အသင်းအနေနဲ့ 2019-2020 ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ MDL Chengdu Major ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေမယ့် Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 လက်ရည်စစ်ပွဲမှာတော့ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။

Dota Summit 11 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ Visa အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပါတယ်။ အခုလို Dota Summit 11 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို မရရှိခဲ့ပေမယ့် လက်ရည်စစ်ပွဲ တစ်လျှောက် အစွမ်းအစတွေ ပြသနိုင်ခဲ့တဲ့ Pos 4 ကစားသမား Save ကိုတော့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခဲ့ပါတယ်။

Save ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး VP အသင်းရဲ့ General Manager Roman Dvoryankin အနေနဲ့ အောက်ပါအတိုင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“Save အနေနဲ့ လက်ရည်စစ်ပွဲတွေမှာ ကောင်းမွန်တဲ့ အစွမ်းအစတွေကို ပြသနိုင်ခဲ့တာကြောင့် အခုလို VP Dota 2 အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခန့်အပ်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ Save အနေနဲ့In-Game အတွင်းမှာ ကောင်းမွနတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အပြင် အချိန်တို အတွင်းမှာ အသင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာကြောင့် အမြဲတမ်း ကစားသမား ရာထူးနဲ့ ထိုက်တန်မယ်လို့လည်း မျှော်လင့်မိပါတယ်။”

VP Dota 2 အသင်းအနေနဲ့ ESL One Hamburg 2019 ပြိုင်ပွဲကို ကစားသမား အသစ်တွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အဆင့် (၅) နေရာကို ရရှိခဲ့တာကြောင့် ကစားသမားတွေ အချိတ်အဆက်မိလာတဲ့ အချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports