CSGO: Asia Championships 2019 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိသွားပြီဖြစ်တဲ့ Vici Gaming

CSGO: Asia Championships 2019 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိသွားပြီဖြစ်တဲ့ Vici Gaming

တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Perfect World အနေနဲ့CSGO: Asia Championships 2019 ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ Jing’an Sports Center မှာကျင်းပသွားမှာဖြစ်တဲ့ အကြောင်းကို အတည်ပြု ပေးခဲ့ပါတယ်။ CSGO: Asia Championships 2019 ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၅) သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

အခုဆိုရင် CSGO: Asia Championships 2019 အတွက် တရုတ်နိုင်ငံ လက်ရည်စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ အဆိုပါ ပြိုင်ပွဲမှာ  တရုတ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ့် အသင်းလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း လက်ရည်စစ်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး 5Power Gaming, EHOME, Vici Gaming, Brave of Warriors, Invictus Gaming, Team Aster, Lynn Vision Gaming, D7G Esports Club စတဲ့ စုစုပေါင်း အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် အသင်း (၈) သင်း အနေနဲ့ Double Elimination ပွဲစဉ်များကို ကစားခဲ့ရတာ ဖြစ်ပြီး Final ပွဲစဉ်ကို တရုတ်နိုင်ငံ အတွင်း အင်အားကြီး CSGO အသင်းတွေဖြစ်တဲ့ Ehome နဲ့ Vici Gaming တို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်ကို Best of 5 ပွဲစဉ် တစ်ခု အဖြစ် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Vici Gamin အနေနဲ့ Ehome Csgo အသင်းကို Inferno Map မှာ (16-10) ၊ Mirage Map မှာ (16-14) ၊ Nuke Map မှာ (16-14) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် CSGO: Asia Championships 2019 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

CSGO: Asia Championships ပြိုင်ပွဲကြီးမှာ AVANGAR, ENCE, Evil Geniuses, G2 Esports, MIBR, Mouse Esports, Tyloo စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Vici Gaming အနေနဲ့ ဒေသတွင်း လက်ရည်စစ်ပွဲတွေမှာ အစွမ်းပြနိုင်ခဲ့တဲ့ လက်စွမ်းကို ထိန်းထားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming