အသင်းရဲ့ အဓိက ကစားသမား သုံးဦးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း RNG

အသင်းရဲ့ အဓိက ကစားသမား သုံးဦးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း RNG

တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး LoL အသင်း တစ်သင်းဖြစ်တဲ့ Royal Never Give Up (RNG) အနေနဲ့ အသင်းရဲ့ Bot Lane ကစားသမား Jian “Uzi” Zi Hao, Mid Lane ကစားသမား Li “Xiaohu” Yuan Hao, Support ကစားသမား Shi “Ming” Sen Ming တို့ကို စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Uzi

LPL League မှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ ပရိုဖက်ရှင်နယ် LoL အသင်း အများစု အနေနဲ့ ၂၀၁၉ LoL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်ကတည်းက ကစားသမား အပြောင်းအရွေ့ စျေးကွက်မှာ ငြိမ်သက်နေခဲ့ကြတာ အချိန်အတော်ကြာခဲ့သွားခဲ့ပြီ ဖြစ်ပါတယ်။

LPL League မှာ ဝင်ရောက် ယှဥ်ပြိုင်နေတဲ့ RNG အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားတဲ့ Jungle ကစားသမား Hung “Karsa” Hao-Hsuan နေရာ အတွက် အစားထိုး ကစားသမားကို လက်ရှိအချိန်ထိ ကြေငြာခဲ့ခြင်း မရှိသေးပါဘူး။ ယခုအခါမှာတော့ ကစားသမား သုံးဦးကို စာချုပ်သက်တမ်း တိုးမြှင့်ခြင်းနဲ့အတူ Karsa နေရာမှာ အစားထိုးမယ့် ကစားသမားနဲ့ ပတ်သတ်ပြီးတော့လည်း ကောလာဟလတွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Ming

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ RNG အသင်းရဲ့ Jungle ကစားသမား နေရာမှာ Flash Wolves အသင်းရဲ့ Bot Lane ကစားသမားဟောင်း Lu “Betty” Yu-Hung အနေနဲ့ ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ Flash Wolves Esports အဖွဲ့အစည်း အနေနဲ့ သိပ်မကြာခင် အချိန်တုန်းက ၎င်းတို့အပိုင် LoL အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တာကြောင့် Betty တစ်ယောက် RNG အသင်းမှာ Jungle ကစားသမား အဖြစ် Role ပြောင်းလဲကာ ဝင်ရောက် ကစားသွားဖွယ် ရှိပါတယ်။

Xiaohu

Royal Never Give Up LoL အသင်း အနေနဲ့ LPL League ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပေမယ့်လည်း 2018 LoL World Championship ပြိုင်ပွဲကြီးမှာ ထိပ်သီး (၈) သင်း အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို 2019 LoL World Championship ပြိုင်ပွဲမှာလည်း အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Betty

ဒါကြောင့် RNG LoL အသင်း အနေနဲ့ 2020 LoL ရာသီမှာ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်သွားနိုင်တယ်လို့ ပရိသတ် အများစုက မျှော်လင့်ထားကြပေမယ့် ယခုအခါမှာ ကျန်ရှိနေတဲ့ ကစားသမား အများစုကို သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်တာကြောင့် 2020 LoL ရာသီမှာ ကစားသမား အဟောင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရရှိအောင် ဘယ်လို ပုံဖော်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports