Town Hall 13 ပါဝင်လာမယ့် CoC Update အသစ်ကို မကြာခင် အချိန်အတွင်း ထုတ်‌ပေးသွားမှာဖြစ်တဲ့ Supercell

Town Hall 13 ပါဝင်လာမယ့် CoC Update အသစ်ကို မကြာခင် အချိန်အတွင်း ထုတ်‌ပေးသွားမှာဖြစ်တဲ့ Supercell

Town Hall 13 နဲ့ ပတ်သတ်တဲ့ အချက်အလက် အချို့ကို ပရိသတ်တွေဆီကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ချပြခဲ့ပြီး နောက်ပိုင်းမှာတော့ Supercell အနေနဲ့ Town Hall 13 Update ကို မကြာခင် အချိန်အတွင်းမှာ ထုတ်ဝေ ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Town Hall 13 ကို Upgrade လုပ်ချင်တယ် ဆိုရင်တော့ ကစားသမားတွေ အနေနဲ့ Giga Tesla အပါအဝင် Town Hall 12 နဲ့ ပတ်သတ်တဲ့ အဆောက်အဦး အားလုံးကို အပြည့်အဝ Upgrade လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Town Hall 13 Update ရဲ့ Theme က “Dark Elixir and Ice” ဖြစ်တဲ့အပြင် အခုဆိုရင် ဒီဇင်ဘာလကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် နှင်းတွေဝေနေတဲ့ Theme လေးကို ကစားသမားတွေ အနေနဲ့ ခံစားရဖွယ် ရှိပါတယ်။

Town Hall 12

လက်ရှိအချိန်မှာ Town Hall 13 ကို Upgrade လုပ်လိုက်မယ်ဆိုရင် ရရှိလာမယ့် Feature အသစ်တွေကို Supercell ဘက်က တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကြေငြာ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Town Hall 13 Update အသစ်မှာ အဓိက ပါဝင်လာမယ့် Feature တစ်ခုကတော့ Giga Inferno ပဲ ဖြစ်ပါတယ်။ Giga Inferno ရဲ့ အဓိက Function ကတော့ Multi-Mode Inferno နဲ့ တူညီမှာ ဖြစ်ပေမယ့် Town Hall ပြိုသွားတဲ့ အခါမှာလည်း Town Hall အနီးတဝိုက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားစေပြီး Enemy Unit တွေကို ပျက်စီးစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Giga Inferno ကို နောက်ဆုံး အဆင့်ထိ Upgrade ပြုလုပ်လိုက်မယ်ဆိုရင် Town Hall ပြိုသွားတဲ့ အခါမှာ ပေါက်ကွဲမှုတွေကို ဖြစ်ပွားစေမှာ ဖြစ်တဲ့အပြင် Enemy Unit တွေကို နှေးကွေးစေမယ့် Freeze Spell အကွက်လေးလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Town Hall 13 Update အသစ် ထွက်ရှိလာမယ့် နေ့ရက်အတိအကျကို သိရှိရခြင်း မရှိသေးပေမယ့် ကျွမ်းကျင်သူများကတော့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မတိုင်ခင်မှာ ထုတ်ဝေ ပေးသွားဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

REF: DotEsports