၂၀၁၉ ခုနှစ်အတွင်း ဆုကြေးငွေ အများဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ Esports အဖွဲ့အစည်းများ

၂၀၁၉ ခုနှစ်အတွင်း ဆုကြေးငွေ အများဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ Esports အဖွဲ့အစည်းများ

Esports လောကဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ပြောင်းလာလို့ နေတာနဲ့အညီ တစ်နှစ်ထက် တစ်နှစ် ကျင်းပတဲ့ ပြိုင်ပွဲတွေ၊ ချီးမြှင့်တဲ့ ဆုကြေးငွေတွေဟာ ဆိုရင်လည်း ပိုမို များပြားလို့ လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း Esports ကဏ္ဍအသီးသီးမှာ ပြိုင်ပွဲပေါင်း ၄၄၉၀ ကျော် ကျင်းပခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၂၂၁ သန်းခန့် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း Esports ကဏ္ဍကနေ တစ်ဆင့် ဆုကြေးငွေ အများဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ Esports အဖွဲ့အစည်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

10. FaZe Clan ($ 3.166M)

FaZe Clan ဆိုတာကတော့ Esports ပြိုင်ပွဲပေါင်း များစွာမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း FaZe Clan PUBG အသင်းအနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၁.၁ သန်းခန့်ကို ရယူနိုင်ခဲ့သလို Fortnite အသင်း အနေနဲ့ ဒေါ်လာ ၉၆၄ သိန်း၊ CSGO နဲ့ COD အသင်း နှစ်သင်းပေါင်း ဆုကြေးငွေ ဒေါ်လာ ၈၉၄ သိန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

9. Sentinels ($ 3.26M)

Fortnite World Cup ပြိုင်ပွဲမှာ Sentinels Esports အဖွဲ့အစည်း ကိုယ်စားပြု အသက် ၁၆ နှစ်အရွယ် Kyle “Bugha” Giersdorf ဗိုလ်စွဲခဲခြင်းနဲ့အတူ ဆုကြေးငွေ ဒေါ်လာ ၃.၂၆ သန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

8. Team Secret ($ 3.31M)

Team Secret ဆိုတာကတော့ Dota 2 လောကမှာ မသိသူ မရှိသလောက် အောင်မြင်ကျော်ကြားတဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Team Secret အနေနဲ့ Dota 2 ပြိုင်ပွဲတွေကနေ တစ်ဆင့် ၂၀၁၉ ခုနှစ်အတွင်းမှာ ကန်ဒေါ်လာ ၃.၃၁ သန်းခန့် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

7. Gen.G ($ 3.45M)

Gen.G Esports အဖွဲ့အစည်း ကိုယ်စားပြု PUBG PC အသင်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ PUBG World Global Championship ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲပေါင်း များစွာမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေ ၂.၂၈ သန်းခန့်ကို အရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Gen.G Esports အဖွဲ့အစည်း ကိုယ်စားပြု LoL အသင်းနဲ့ Overwatch အသင်းတို့ အနေနဲ့လည်း စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁.၁၇ သန်းခန့်ကို ၂၀၁၉ ခုနှစ် အတွင်းမှာ ရှာဖွေနိုင်ခဲ့ပါတယ်။

6. Cooler Esports ($ 3.51M)

Fortnite World Cup Duos ပြိုင်ပွဲမှာ Cooler Esports ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Emil “nyhrox” Bergquist Pedersen နဲ့ David “aqua” Wang တို့ အနိုင်ရခြင်းနဲ့အတူ ဆုကြေးငွေ ဒေါ်လာ ၃.၅၁ သန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Cooler Esports အနေနဲ့ အခုလို နံပါတ် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

5. PSG. LGD Esports ($ 3.54M)

တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်းတစ်သင်းဖြစ်တဲ့ PSG. LGD အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ Dota 2 ပြိုင်ပွဲတွေကနေ တစ်ဆင့် ဆုကြေးငွေ ဒေါ်လာ ၃.၄ သန်းကို ရှာဖွေနိုင်ခဲ့ပြီး PSG. LGD ကိုယ်စားပြု FIFA အသင်း အနေနဲ့ ဒေါ်လာ ၃၇၀၀၀ ခန့်ကို ၂၀၁၉ ခုနှစ် အတွင်းမှာ ရှာဖွေနိုင်ခဲ့ပါတယ်။

4. Lazarus ($ 4.22M)

Lazarus Esports အဖွဲ့အစည်း ဆိုတာကတော့ Fortnite ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ Fortnite ပြိုင်ပွဲတွေကို ဆုကြေးငွေ အမြောက်အမြား ပေးအပ်လေ့ ရှိတာနဲ့အညီ Lazarus Esports အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ Fortnite ပြိုင်ပွဲတွေကနေ တစ်ဆင့် ဆုကြေးငွေ ဒေါ်လာ ၄.၂၂ သန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

3. NRG Esports ($ 5.28M)

NRG Esports အဖွဲ့အစည်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ Overwatch, Fortnite စတဲ့ ပြိုင်ပွဲတွေကနေ ဆုကြေးငွေ ဒေါ်လာ ၄ သန်းခန့် ရှာဖွေနိုင်ခဲ့သလို Rocket League, CSGO, Apex Legends စတဲ့ ပြိုင်ပွဲတွေကနေ ဒေါ်လာ ၁ သန်းကျော် ရှာဖွေနိုင်ခဲ့တာကြောင့် အခုလို နံပါတ် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

2. Team Liquid ($ 9.40M)

Team Liquid ဆိုတာကတော့ Esports ပြိုင်ပွဲ အများစုမှာ ထိပ်သီး အသင်းများအဖြစ် ရပ်တည်နိုင်လျက်ရှိတဲ့ အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ Team Liquid Dota 2 အသင်း အနေနဲ့ ဒေါ်လာ ၅.၀၈ သန်းခန့် ရှာဖွေနိုင်ခဲ့သလို CSGO, LoL စတဲ့ အသင်းတွေကနေ တစ်ဆင့် ကန်ဒေါ်လာ ၄ သန်းကျော် ရှာဖွေနိုင်ခဲ့ပါတယ်။

  1. OG ($ 15.84M)

နံပါတ် ၁ နေရာမှာတော့ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပသွားခဲ့တဲ့ Esports တွေ အထဲမှာ ဆုကြေးငွေ အများဆုံး ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ The International 2019 Dota 2 ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ OG Esports အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ OG Esports အဖွဲ့အစည်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ဒေါ်လာ ၁၅.၈၄ သန်းခန့် ရှာဖွေနိုင်ခဲ့တာကြောင့် အခုလို နံပါတ် ၁ နေရာမှာ ပြိုင်ဘက်ကင်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: EsportsObserver