တစ်နှစ်အတွင်း အောင်မြင်တဲ့ MLBB အသင်း ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ မလေးရှားနိုင်ငံ အခြေစိုက် MLBB အသင်း TODAK

တစ်နှစ်အတွင်း အောင်မြင်တဲ့ MLBB အသင်း ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ မလေးရှားနိုင်ငံ အခြေစိုက် MLBB အသင်း TODAK

M1 MLBB World Championship ပြိုင်ပွဲကြီးရဲ့ ပထမဆုနဲ့ ဒုတိယဆုကို အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် MLBB အသင်းကြီးတွေဖြစ်တဲ့ Evos Lengends နဲ့ RRQ တို့က အသီးသီး စွတ်ခူးသွားနိုင်ခဲ့ပေမယ့် မလေးရှား MLBB ပရိသတ်တွေရဲ့ အသည်းနှလုံးကိုတော့ MLBB M1 Championship ပြိုင်ပွဲမှာ မလေးရှားနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ Todak အသင်းက အရယူနိုင်ခဲ့ပါတယ်။

လူငငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ Todak MLBB အသင်းကို ယခုနှစ် အစောပိုင်းမှ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Todak MLBB အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

-      Danial “Cikuuuuu” Fuad

-      Muhd Rizwan “Eoneeeeee” Abdullah

-      Muhd Qayum “Lycheeeee” Faez

-      Zikry “Moonnnnnn” Shamsuddin

-      Shahril “Nenassssss” Anuar

-      Mohd Aiman “Xrayyyyyy” Idris

Todak MLBB အသင်းကို စတင် ဖွဲ့စည်းခဲ့စဥ် အချိန်က Semi-Pro ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Moonton’s Season 3 MY/ SG Mobile Diamond Challenge မှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး လက်ရည်သွေးခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ Todak MLBB အသင်းအနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး Moontoon’s Season 3 MY/ SG Mobile Diamond Challenge ရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

MDC ပြိုင်ပွဲမှာ အနိုင်ရခဲ့တာကြောင့် Todak MLBB အနေနဲ့ Moonton’s MPL Season 4 MY/ SG Professional Leauge ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီး နာမည်ကြီး အသင်းတွေဖြစ်တဲ့ Geek Fam, Axis Esports, EVOs Esports SG, Resurgence စတဲ့ အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။

အသင်းသစ် တစ်ခုဖြစ်ပေမယ့် အုပ်စုတွင်း ပွဲစဥ်တွေမှာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး အုပ်စု ဒုတိယနေရာဖြင့် Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Playoff အဆင့်မှာ EVOS Esports SG နဲ့ Axis Esports တို့ကို အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ Lower Bracket မှာ Resurgence ကို အနိုင်ယူပြီး ဗိုလ်လုပွဲစဥ်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ Evos Esports SG နဲ့ ပြန်လည် ယှဥ်ပြိုင်ခဲ့ရပြီး (3-2) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

အသင်းကို စတင် ဖွဲ့စည်းခဲ့စဥ် အချိန်က စတင်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Moonton မှ ကြီးမှူးကျင်းပတဲ့ MLBB ပြိုင်ပွဲတွေအထဲမှာ အကြီးမားဆုံး ပြိုင်ပွဲတစ်ခုဖြစ်လာမယ့် MLBB M1 World Championship ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့အတွက် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။


M1 World Championship ပြိုင်ပွဲမှာ MPL Season 4 ဖိလစ်ပိုင် ချန်ပီယံ Sunsparks, ဘရားဇီးနိုင်ငံကိုယ်စားပြု MLBB အသင်း GeO Esports, တူရကီနိုင်ငံကိုယ်စားပြု MLBB အသင်း Evil Esports တို့နဲ့ အုပ်စု (C) မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။

Todak အနေနဲ့ Sunsparks အသင်းကို (1-2) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် GeO Esports, Evil Esports တို့ကို အနိုင်ယူနိုင်ခဲ့တာကြောင့် Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Upper Bracket Playoff အဆင့်မှာ အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် အင်အားကြီး MLBB အသင်းတစ်ခုဖြစ်တဲ့ RRQ ကို ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။

Lower Bracket မှာ ဂျပန်နိုင်ငံ ကိုယ်စားပြု 10S Gaming Plus ကို (၂-၁) ၊ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls ကို (၂-၀) စတဲ့ ရလဒ်များဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Lower Bracket Final ပွဲစဥ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Lower Bracket Final ပွဲစဥ်မှာ RRQ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး (၃-၁) ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် MLBB M1 Championship ပြိုင်ပွဲကြီးရဲ့ တတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

ဗိုလ်လုပွဲစဥ်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ယခုနှစ် အစောပိုင်းမှ ဖွဲ့စည်းခဲ့တဲ့ အသင်းအနေနဲ့ အခုလို တတိယဆုကို စွတ်ခူးနိုင်ခဲ့တာ Todak MLBB အသင်းအတွက်တော့ ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့် တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MPL MY/ SG Season 5 ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် အသင်းအဖြစ် Todak MLBB အသင်းအနေနဲ့‌ ရေပန်းအစားဆုံး နေရာမှာ ရပ်တည်နိုင်နေပါတယ်။ ဒါကြောင့် Todak MLBB အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပြသနိုင်ခဲ့တဲ့ အစွမ်းအစတွေကို ထိန်းသိမ်းထားနိုင်ပြီး နောက်နှစ်မှာ ကျင်းပသွားမယ့် M2 World ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports