၂၀၁၉ ခုနှစ်အတွင်း ထွန်းတောက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် CSGO ကစားသမားများ

၂၀၁၉ ခုနှစ်အတွင်း ထွန်းတောက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် CSGO ကစားသမားများ

Esports ကဏ္ဍ အများစုမှာ ထွန်းတောက်စ လူငယ်ကြယ်ပွင့်တွေ နှစ်စဉ်နှစ်တိုင်း ပေါ်ထွက်လာလေ့ ရှိပေမယ့် CSGO လောကမှာတော့ လက်စွမ်းလက်န ကောင်းမွန်တဲ့ ကစားသမားသစ်တွေ ပေါ်ထွက်လာခြင်းက မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ် အတွင်းမှာတော့ သက်ဆိုင်ရာ အသင်းကိုယ်စီကို အထောက်အကူဖြစ်စေခဲ့တဲ့ တက်သစ်စ လူငယ် CSGO ကြယ်ပွင့်တွေ ပေါ်ထွက်လို့ လာခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း ထွန်းတောက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် CSGO ကစားသမားတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

Stavn (Heroic)

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ Martin “Stavn” Lund အနေနဲ့ မတ်လ ၂၀၁၉ ခုနှစ်မှာ Heroic CSGO အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ရောက်ရှိစဉ် အချိန်က စတင်ကာ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့ပြီး ESL Pro League Season Nine Final, ELS One Cologne, IEM Chicago စတဲ့ ပြိုင်ပွဲတွေမှာ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်ကစားခဲ့နိုင်သလို DreamHack Open Atlanta ပြိုင်ပွဲကို Heroic အသင်းနဲ့အတူ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

SHiPZ (CR4ZY)

လက်ရှိအချိန်မှာ CR4ZY CSGO အသင်းမှာ ကစားလျက်ရှိပေမယ့် SHiPZ အနေနဲ့ Windigo Gaming CSGO အသင်းနဲ့အတူ အောင်မြင်တဲ့ CSGO ကစားသမား ဘဝ တက်လမ်းကို လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သား SHiPZ အနေနဲ့ Windigo CSGO အသင်းနဲ့အတူ မတ်လ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ WESG Finals မှာ အနိုင်ယူနိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ CR4ZY CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပြီး အသင်းကို ရောက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ DreamHack Open Rotterdam ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

KSCERATO (FURIA)

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ KSCERATO အနေနဲ့ FURIA CSGO အသင်းကို ဒေသတွင်း ပြိုင်ပွဲတွေဖြစ်တဲ့ EMF CSGO World Invitational, Artic Invitation စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ESC Season Seven Finals ပြိုင်ပွဲမှာလည်း ဒုတိယဆုကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် KSCERATO ကို နာမည်ကျော် CSGO အသင်း MIBR အနေနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် KSCERATO ကတော့ FURIA CSGO အသင်းမှာပဲ ဆက်လက် တည်ရှိနေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Frozen (Mousesports)

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ Frozen အနေနဲ့ Mousesports CSGO အသင်းကို ရောက်ရှိစဉ် အချိန်ကတည်းက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို နာမည်ကျော် CSGO အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း အကြောက်အရွံ့မရှိ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး Mousesports CSGO အသင်းကို DreamHack Open Tours, CS:GO Asia Championships, ESL Pro League Season 10 Finals စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ZywOo (Vitality)

လက်ရှိအချိန်မှာ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ZywOo အနေနဲ့ CSGO လောကရဲ့ အကောင်းဆုံး လူငယ် ကစားသမားအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ZywOo အနေနဲ့ Vitality အသင်းနဲ့အတူ CS Summit Four, ESC Season Seven Final စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို ESL One Cologne, DreamHack Masters Malmo စတဲ့ ပြိုင်ပွဲတွေမှာလည်း ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

REF: DotEsports