PUBG Mobile အသင်းကို ဖွဲ့စည်းတော့မှာဖြစ်တဲ့ Made in Thailand (MiTH) Esports အဖွဲ့အစည်း

PUBG Mobile အသင်းကို ဖွဲ့စည်းတော့မှာဖြစ်တဲ့ Made in Thailand (MiTH) Esports အဖွဲ့အစည်း

Made in Thailand Esports အဖွဲ့အစည်း ဆိုတာကတော့ ထိုင်းနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ MiTH Esports အဖွဲ့အစည်းကို MiTH Dota 2 အသင်းနဲ့အတူ ၂၀၁၂ ခုနှစ်မှာ Esports လောကထဲကို စတင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ PUBG PC, PUBG LITE, FIFA Online 4, CS: GO စတဲ့ အသင်းတွေနဲ့အတူ အရှေ့တောင်အာရှ Esports လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ MiTH Esports လက်အောက်ခံ Streamers တွေလည်း မြောက်များစွာ တည်ရှိနေပြီး Twitch, Facebook စတဲ့ Streaming Platform တွေမှာ Esports ချစ်မြတ်နိုးသူ ထိုင်းနိုင်ငံသူ၊ ထိုင်းနိုင်ငံသားကို ဖျော်ဖြေလျက် ရှိပါတယ်။

MiTH Esports အဖွဲ့အစည်း အနေနဲ့ PUBG PC အသင်းနဲ့အတူ PUBG PC လောကမှာ အောင်မြင်မှုတွေ အတော်အသင့် စွတ်ခူးနိုင်ခဲ့တာကြောင့် ယခုအခါမှာ PUBG Mobile လောကအထဲကိုပါ ထိုးဖောက် ဝင်ရောက်ဖို့ ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။ MiTH Esports အဖွဲ့အစည်း အနေနဲ့ PUBG Mobile အသင်းကို ဖွဲ့စည်းသွားမှာ ဖြစ်တဲ့ အကြောင်းကို ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

PUBG Mobile Pro League 2020 မှာ ဝင်ရောက် ယှဥ်ပြိုင်ရန် အတွက် PUBG Mobile အသင်း တစ်သင်းကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း၊ MiTH အဖွဲ့အစည်း နည်းတူ ရည်မှန်းချက် ကြီးမားတဲ့ PUBG Mobile အသင်းများနဲ့ လက်တွဲ လုပ်ကိုင်လိုကြောင်း၊ စိတ်ဝင်စားသူများ အနေနဲ့ Email ပို့ပြီး လျှောက်ထားနိုင်ကြောင်းကို MiTH Facebook Page ကနေ တစ်ဆင့် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

ในปี ค.ศ. 2020 ช่วงต้นปี ทางทีมได้สิทธิ์ในการลงแข่งขัน PUBG MOBILE Pro League 2020 ในเวลานี้ เราจึงตามหาทีมที่มีศักยภาพ...

Geplaatst door MiTH op Dinsdag 17 december 2019

PUBG Mobile အဖွဲ့အစည်း အနေနဲ့ ၂၀၂၀ ခုနှစ်မှာ PUBG Mobile ပြိုင်ပွဲများအတွက် ဒေါ်လာ (၅) သန်းခန့် အသုံးပြုသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တာကြောင့် နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ PUBG Mobile လောကထဲကို ဝင်ရောက်ဖို့ အတွက် ပြင်ဆင်နေကြပြီ ဖြစ်သလို Tempo Storm, Cloude 9, Fnatic စတဲ့ နာမည်ကျော် Esports အဖွဲ့အစည်းတွေ အနေနဲ့လည်း PUBG Mobile လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် MiTH Esports အဖွဲ့အစည်း အနေနဲ့ လက်အောက်ခံ Esports အသင်းတွေကို ဖွဲ့စည်းရာမှာ ထိုင်းနိုင်ငံသားတွေဖြင့်သာ ဖွဲ့စည်းလေ့ ရှိတာကြောင့် မကြာမီ အချိန်အတွင်းမှာ ထိုင်းနိုင်ငံ အခြေစိုက် နာမည်ကျော် PUBG Mobile အသင်းတွေဖြစ်တဲ့ RRQ Athena, MEGA. Conqueror, Illuminate တို့နည်းတူ လက်စွမ်းထက် PUBG Mobile အသင်း တစ်သင်း ထပ်မံ ပေါ်ပေါက်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming