ကစားသမား တစ်ဦးသာ ကျန်ရှိတော့တဲ့ နာမည်ကျော် CSGO အသင်း Cloud 9

ကစားသမား တစ်ဦးသာ ကျန်ရှိတော့တဲ့ နာမည်ကျော် CSGO အသင်း Cloud 9

မြောက်အမေရိက အခြေစိုက် နာမည်ကျော် CSGO အသင်းတစ်သင်းဖြစ်တဲ့ Cloud 9 အနေနဲ့ ယခင် အချိန်တွေတုန်းက အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ အချိန်တစ်ခု ကြာမြင့်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Autimatic, Daps, Koosta စတဲ့ ကစားသုံးဦး အနေနဲ့ CSGO လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Gen.G ကိုယ်စားပြု CSGO အသင်းမှာ ပြောင်းရွေ့ကစားရန် အတွက် အသင်းကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Gen.G CSGO

ဒါ့အပြင် အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Mixwell အနေနဲ့လည်း Cloud 9 CSGO အသင်းရဲ့ ကစားသမား ဘဝကနေ ထွက်ခွာသွားတော့မှာ ဖြစ်ကြောင်း၊ အခြားသော အသင်းတစ်သင်းကို ပြောင်းရွေ့ ကစားရန် အတွက် အသင်းသစ်ကို ရှာဖွေနေပြီဖြစ်ကြောင်း တရားဝင်‌ ကြေငြာသွားခဲ့ပါတယ်။

Mixwell

ယခုအခါမှာတော့ အသင်းရဲ့ နောက်ထပ် ကစားသမား တစ်ဦးဖြစ်သူ Subroza အနေနဲ့လည်း Cloud 9 CSGO အသင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းကို Subroza ရဲ့ တရားဝင် ပြောကြားချက်များအရ သိလိုက်ရပြီ ဖြစ်ပါတယ်။ Subroza အနေနဲ့ Cloud 9 CSGO အသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Subroza

Cloud 9 CSGO အသင်း အနေနဲ့ ဆိုးဝါးတဲ့ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်နေရတာကြောင့် Subroza ကို ခေါ်ယူပြီး အသင်းအင်အား တောင့်တင်းလာစေရန် အတွက် ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Subroza ရဲ့ ပြောကြားချက်များအရ Cloud 9 CSGO အသင်းကို ရောက်ရှိစဉ် အချိန်က စတင်ကာ ကစားသမားတွေ အနေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ အသင်းအတွက် ကြိုးစား ကစားပေးချင်စိတ်တွေလည်း ကစားသမားတွေဆီမှာ မြင်တွေ့ရခြင်း မရှိကြောင်း သိရပါတယ်။ ဒါကြောင့်လည်း Subroza အနေနဲ့ အသင်းကနေ အခုလို ပြန်လည် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အခုလို အသင်းရဲ့ ကစားသမား လေးဦး ထွက်ခွာသွားခြင်းကြောင့် Cloud 9 CSGO အသင်းမှာ TenZ တစ်ဦးတည်းသာ ကျန်ရှိတော့မှာ ဖြစ်ပြီး TenZ အနေနဲ့ Cloud 9 CSGO အသင်း အတွက် ကစားသမား အင်အား ဖြည့်တင်းနိုင်ခြင်း မရှိခင် အချိန်ထိ Cloud 9 ကိုယ်စားပြု CSGO Streamer အဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Cloud 9 CSGO အသင်းမှာ ကစားသမားဖြစ်သူ TenZ နဲ့ နည်းပြဖြစ်သူ JamezIRL တို့ နှစ်ဦးသာ ကျန်ရှိတော့မှာ ဖြစ်တဲ့အပြင် နာမည်ကျော် CSGO ကစားသမား အများစု အနေနဲ့လည်း သက်ဆိုင်ရာ အသင်းကိုယ်စီ ရှိနေကြပြီ ဖြစ်တာကြောင့် Cloud 9 CSGO အသင်း အနေနဲ့ ယခင် အချိန်တွေတုန်းကလို အောင်မြင်မှုတွေ ပြန်လည် စွတ်ခူးနိုင်ဖို့ အတွက် ဘယ်လို ကစားသမားတွေကို ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports