TI Champion ကစားသမားနဲ့ နည်းပြတို့ကို ခေါ်ယူပြီး အားအင်ဖြည့်တင်းလိုက်တဲ့ Team Secret

TI Champion ကစားသမားနဲ့ နည်းပြတို့ကို ခေါ်ယူပြီး အားအင်ဖြည့်တင်းလိုက်တဲ့ Team Secret

2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor တစ်ခုဖြစ်တဲ့ Dota Summit 11 စတင်ဖို့ ရက်ပိုင်းခန့် အလိုမှာတော့ Dota 2 ချစ်ပရိသတ်တွေ အချိန်အကြာကြီး စောင့်မျှော်နေရတဲ့ ဥရောပအခြေစိုက် အင်အားကြီး အသင်းတစ်ခုဖြစ်တဲ့ Team Secret ရဲ့ 2019-2020 DPC ရာသီမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမား စာရင်း တရားဝင် ထွက်ပေါ်လို့ လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Team Secret ရဲ့ ကစားသမား စာရင်းအသစ်ကို မဖော်ပြခင်မှာ အနားယူသွားတဲ့ ကစားသမား အကြောင်းကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ်။ Team Secret ရဲ့တရားဝင် ထုတ်ပြန်ကြေငြာချက်များအရ Mid Player MidOne အနေနဲ့ Team Secret က‌နေ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး Dota 2 လောကကနေ ခေတ္တအနားယူလို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ MidOne အနေနဲ့ လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ Team Secret ဆိုတဲ့ Dota 2 အသင်းတစ်ခု ဖြစ်လာဖို့အတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းခဲ့ပြီး Valve Major (၃) ခုရဲ့ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

MidOne နဲ့အတူ Team Secret ကနေ နောက်ထပ် နှုတ်ဆက်ထွက်ခွာသွားသူ တစ်ဦးကတော့ ကိုရီးယားနိုင်ငံသား နည်းပြကြီး Sunbhie ပဲဖြစ်ပါတယ်။ Sunbhie အနေနဲ့ ခေါင်းဆောင်ကြီး Puppey Hero Pick/ Ban ပြုလုပ်ရာမှာ လွယ်ကူစေဖို့အတွက် များစွာသော အကူအညီတွေကို ပေးစွမ်းခဲ့သလို အသင်းသားတွေရဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်ရေးမှာလည်း များစွာသော အထောက်အကူတွေကို ပေးစွမ်းခဲ့ပါတယ်။

Team Secret ရဲ့ Mid Player ဟောင်း MidOne နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့သူကတော့ ပရိသတ်တွေရဲ့ အချစ်တော် Ex-Liquid ကစားသမားဟောင်း The International 2017 ချန်ပီယံ Matubaman ပဲဖြစ်ပါတယ်။ Matubaman အနေနဲ့ Team Secret မှာ Carry (Pos 1) ကစားသမားအဖြစ် ကစားသွားမှာဖြစ်ပြီး ယခင် Team Secret ရဲ့ Carry ကစားသမားဟောင်း Nisha ကတော့ Mid (Pos 2) ကစားအဖြစ် ပြောင်းလဲကစားသွားမှာ ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ Team Secret ရဲ့ နည်းပြရာထူးကိုတော့ Matubaman နဲ့အတူ The International 2017 ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကိုရီးယားနိုင်ငံသား၊ Ex-Liquid နည်းပြကြီး Heen အနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Heen အနေနဲ့ Liquid ကို The International 2017 ချန်ပီံယံ ဖြစ်လာဖို့အတွက် အကူအညီပေါင်း များစွာကို ပေးစွမ်းခဲ့သလို မကြာသေးခင် အချိန်က ESL One 2019 ချန်ပီံယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ TNC ကို ယခုလို အခြေအနေထိ ဖြစ်မြောက်လာအောင် ထိန်းကျောင်းပေးခဲ့တဲ့ လက်ဦးဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။

Team Secret အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယ Major ဖြစ်တဲ့ DreamLeague Season 13 လက်ရည်စစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွား ဖြစ်တဲ့အပြင် ဒီဇင်ဘာလတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမယ့် ONE Esports Dota 2 World Pro Invitational ကိုလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sacrifical Carry Role ကိုကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်တဲ့ Matubaman၊ Space ပေးရင်ပေးသလောက် အသင်းအတွက် လိုအပ်တဲ့ ရုန်းအားကို ပေးစွမ်းနိုင်စွမ်းရှိတဲ့ Nisha၊ Offlane ကစားသမားတွေထဲမှာ Space ယူမှု အနည်းဆုံး Team Fight တွေမှာပါဝင်မှု အများဆုံးဖြစ်တဲ့ Zai၊ လက်ရှိ Pos 4 အကောင်းဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Yapzor၊ Draft Master ကြီး Puppey၊ Analysis အပိုင်းမှာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်လှတဲ့ နည်းပြကြီး Heen တို့နဲ့ ဖွဲ့စည်းထားတဲ့ Team Secret အနေနဲ့ နောက်လာမယ့် 2019-2020 DPC ရာသီတွင်း ပြိုင်ပွဲတွေမှာ ဘယ်လို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကို ထုတ်ပြသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

REF: TeamSecret