၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Secret

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Secret

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13 Leipzig Major ပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ Leipzig မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးပေါင်း ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း ၁၆ သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သန်းနဲ့ DPC Point 15000 ကို ခွဲဝေ ချီးမြှင့်ခဲ့ပါတယ်။

Team Secret အနေနဲ့ 2019-2020 DPC ရာသီအတွက် Team Liquid Dota 2 အသင်းနဲ့အတူ The International 2017 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Carry ကစားသမား Matumbaman နဲ့ နည်းပြဖြစ်သူ Heen တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

ကစားသမား အသစ် တစ်ယောက်နဲ့ နည်းပြတို့ကို ခေါ်ယူအားဖြည့်ခဲ့တဲ့ Team Secret အနေနဲ့ Dream Leauge Season 13 အုပ်စုအဆင့် ပွဲစဥ်တွေက စတင်ကာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး အုပ်စုတွင်း အင်အားကြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ Vici Gaming ကို (၂-၁)၊ Beastcoast ကို (၂-၀) စတဲ့ ရလဒ်တွေဖြင့် အနိုင်ယူပြီး အုပ်စု ပထမ နေရာကို ရယူနိုင်ခဲ့တာကြောင့် Playoff အဆင့်ကို Upper Bracket ကနေ စတင် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Upper Bracket Round 1 မှာ SEA အခြေစိုက် အင်အားကြီး အသင်း Fnatic ကို (၂-၁) ၊ Round 2 မှာ Alliance ကို (၂-၀) ၊ Round 3 မှာ Vici Gaming ကို (၂-၀) ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။ Grand Final အဆင့်မှာ Team Secret အနေနဲ့ NA အခြေစိုက် အင်အားကြီး Dota 2 အသင်းလည်းဖြစ်၊ နာမည်ကျော် ကစားသမားပေါင်း များစွာ ပါဝင်တဲ့ Dota 2 အသင်းလည်းဖြစ်တဲ့ Evil Geniuses နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။

Grand Final ပွဲစဥ်ကို Best of 5 Format ဖြင့် ယှဥ်ပြိုင်ခဲ့ရပြီး Team Secret အနေနဲ့ EG Dota 2 အသင်းကို (3-2) ဆိုတဲ့ ရလဒ်ဖြင့် ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို DPC Points Ranking မှာလည်း TNC Predator, Vici Gaming တို့ရဲ့ နောက် တတိယနေရာမှာ ရမှတ် (၄၈၅၀) ဖြင့် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Team Secret အနေနဲ့ ပထမဆုံး ဝင်ရောက် ယှဥ်ပြိုင်တဲ့ DPC ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် နောက်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေကို ထပ်မံ ရယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports