ကိုယ်ပိုင် CSGO အသင်းကို ပူးတွဲ တည်ထောင်သွားမယ့် VP CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း နှစ်ဦး

ကိုယ်ပိုင် CSGO အသင်းကို ပူးတွဲ တည်ထောင်သွားမယ့် VP CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း နှစ်ဦး

Wiktor “Taz” Wojtas နဲ့ Filip “NEO” Kubski ဆိုတာကတော့ CSGO လောကမှာ မသိသူ မရှိသလောက် နာမည်‌ကျော်ကြား လူကြိုက်များခဲ့တဲ့ CSGO ကစားသမားတွေပဲ ဖြစ်ကြပါတယ်။ အဆိုပါ ကစားသမား နှစ်ဦး အနေနဲ့ CS 1.6 ခေတ်ကတည်း Pentagram, MYM, AGAIN, Frag Executors စတဲ့ အသင်းတွေမှာ အတူတကွ ကစားခဲ့ကြတာဖြစ်ပြီး CSGO စတင် ပေါ်ထွက်လာခဲ့တဲ့ အချိန်မှာလည်း ESC Gaming, Universal Soldiers, AGAIN, Viruts Pro စတဲ့ ပရိုဖက်ရှင်နယ် CSGO အသင်းတွေမှာ အတူတကွ ကစားရင်း အောင်မြင်မှု‌ပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Taz and Neo

Virtus Pro CSGO အသင်းနဲ့အတူ NEO နဲ့ Taz တို့ အနေနဲ့ ESL ESEA Pro League 2015, ELEAGUE 2016, DreamHack Masters Las Vegas 2017, ESL Major Series One Katowice 2014 စတဲ့ ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဆုကို အတူတကွ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Virtus Pro ကျရှုံးခြင်းနဲ့အတူ Taz တစ်ယောက် ဖေဖော်ဝါရီ ၂၀၁၈ မှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး NEO ကတော့ ဒီဇင်ဘာ ၂၀၁၈ မှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

Virtus Pro CSGO အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ NEO နဲ့ Taz တို့ အနေနဲ့ သီးခြား အသင်းတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပေမယ့်လည်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပါတယ်။ ဒါကြောင့်လည်း အခုလို ကစားသမား သက်တမ်း (၁၄) နှစ်ခန့် အတူတကွ ကစားခဲ့တဲ့ သူငယ်ချင်း နှစ်ဦး ‌‌‌ပေါင်းစည်းကာ ကိုယ်ပိုင် CSGO အသင်းကို တည်ထောင်သွားဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။

Taz

လက်ရှိအချိန်မှာ အသင်းသစ်နဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေမယ့် Taz ရဲ့ ပြောကြားချက်များအရ အရည်အချင်းရှိတဲ့ ပိုလန်နိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမားတွေကို‌ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း၊ မကြာခင် အချိန်အတွင်း အသင်းသစ်နဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန် ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Neo

ပိုလန်နိုင်ငံသား CSGO ကစားသမားတွေ အနေနဲ့ ယခင်အချိန်တွေတုန်းက CSGO လောကရဲ့ ထိပ်ဆုံး နေရာတွေကို စိုးမိုး ထားနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပိုလန်သားတွေ အနေနဲ့ CSGO လောကမှာ ကျရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် Neo နဲ့ Taz တို့ ပူးတွဲ တည်ထောင်သွားမယ့် CSGO အသင်းက ပိုလန်နိုင်ငံသားတွေ CSGO စင်မြင့်ထက်မှာ ပြန်လည် ရပ်တည်သွားနိုင်ရေး အတွက် စွမ်းဆောင်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports