လိုအပ်နေတဲ့ Carry Position အတွက် ဝါရင့်ကစားသမား တစ်ဦးကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ EHOME

လိုအပ်နေတဲ့ Carry Position အတွက် ဝါရင့်ကစားသမား တစ်ဦးကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ EHOME

vtFaded ကို SEA ဒေသတွင်း အသင်း တစ်သင်းဖြစ်တဲ့ Alpha x Hashtag ကို အငှားချခြင်းနဲ့အတူ အပြန်အလှန် အနေနဲ့ Alpha x Hashtag Dota 2 အသင်းရဲ့ Mid ကစားသမား NothingToSay ကို အသင်းမှာ ကစားဖို့ အတွက် ခေါ်ယူခဲ့ကြောင်း Ehome Dota 2 အသင်းအနေနဲ့ ပြီးခဲ့တဲ့နေ့က ကြေငြာသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ လက်ရှိ Mid ကစားသမား 897 ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မကြာမီ အချိန်အတွင်းမှာ ကြေငြာသွားမှာ ဖြစ်တယ်လို့ Ehome အသင်းဘက်က ပြောကြားသွားခဲ့ပါတယ်။

Ehome Dota 2 အသင်း အနေနဲ့ 2018-2019 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major မှာ အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလို အသင်းရဲ့ Carry ကစားသမားကို အငှားချခဲ့ရတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အသင်းရဲ့ Mid ကစားသမား 897 ကိုလည်း အသင်းကနေ အနားပေးလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

897 ကို အနားပေးလိုက်ခြင်းနဲ့ အတူ အသင်းမှာ လစ်လပ်နေတဲ့ Carry Position အတွက် Dota 2 လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ကစားသမား တစ်ဦးကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းကို တစ်ခါတည်း ကြေငြာသွားခဲ့ပါတယ်။

“Team Aster နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်လို့ ပြီးဆုံးသွားတဲ့ အခါမှာ Team Aster အသင်းရဲ့ ကစားသမားဟောင်း Sylar ကို Ehome Dota 2 အသင်းမှာ Carry ကစားသမား အဖြစ် ဝင်ရောက် ကစားပေးဖို့ အတွက် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ vtFaded နဲ့ 897 တို့ကိုလည်း အသင်းမှာ ရှိနေခဲ့တဲ့ ကာလတစ်လျှောက် ကြိုးစားပေးခဲ့ကြတဲ့အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။ အသင်းသစ်တွေနဲ့အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်။ ”

Sylar ဆိုတာကတော့ Dota 2 လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ကစားသမား တစ်ဦးပြ ဖြစ်ပါတယ်။ Sylar အနေနဲ့ ပြီးခဲ့တဲ့ 2018-2019 DPC ရာသီမှာ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဟောင်း Burning တည်ထောင်ထားတဲ့ Team Aster နဲ့ Team Sirius တို့မှာ ပါဝင် ကစားခဲ့ပေမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိတဲ့အပြင် The International 2019 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ရှုံးနိမ့်မှုတွေနဲ့အတူ Dota 2 လောကကနေ Sylar တစ်ယောက် ကွယ်ပျောက်သွားခဲ့တာကြောင့် တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး Media တစ်ခုဖြစ်တဲ့ Max+ အနေနဲ့ Sylar ကို ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့လက မေးမြန်းခဲ့ရာမှာ Sylar အနေနဲ့ သင့်တော်တဲ့ အသင်းနဲ့အတူ ပရိုဖက်ရှင်နယ် Dota 2 လောကကို ပြန်လည် ဝင်ရောက်လာမှာဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

ယခုအခါမှာ Ehome Dota 2 အသင်းနဲ့ အတူ Sylar တစ်ယောက် ပရိုဖက်ရှင်နယ် Dota 2 လောကကို ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်လာမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ehome Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Liu “Sylar” Jiajun
  • Cheng “NothingToSay” Jin Xiang
  • Zhang “Faith_Bian” Ruida
  • Zhao “XinQ” Zixing
  • Zhang “Y” Yiping

REF: VpEsports