သင့်တော်တဲ့အသင်းကို ရှာတွေ့တာနဲ့ Professional Dota 2 ကစားသမားဘဝကို ပြန်လည်ခံယူသွားမှာဖြစ်တဲ့ Sylar

သင့်တော်တဲ့အသင်းကို ရှာတွေ့တာနဲ့ Professional Dota 2 ကစားသမားဘဝကို ပြန်လည်ခံယူသွားမှာဖြစ်တဲ့ Sylar

ဂိမ်းကစားတဲ့ အခါမှာ တစ်ရှူးတွေကို Mouse အပေါ်မှာ အုပ်မိုးပြီး ဆော့ကစားလေ့ရှိတဲ့ နာမည်ကျော် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Sylar အနေနဲ့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ Sylar အနေနဲ့ ပြီးခဲ့တဲ့ 2018 ကွယ်ပျောက်လို့ -2019 DPC ရာသီမှာ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဟောင်း Burning တည်ထောင်ထားတဲ့ Team Aster နဲ့ Team Sirius တို့မှာ ပါဝင် ကစားခဲ့ပေမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိတဲ့အပြင် The International 2019 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Sylar အနေနဲ့ TI 9 ပြီးဆုံးသွားစဉ် အချိန်ကတည်းက ပရိုဖက်ရှင်နယ် Dota 2 လောကကနေ သွားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး Media တစ်ခုဖြစ်တဲ့ Max+ အနေနဲ့ Sylar တစ်ယောက် အနာဂတ်မှာ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အဖြစ်နဲ့ပဲ ဆက်လက် ရပ်တည်သွားမလား ဒါမှမဟုတ် Dota 2 Streamer တစ်ဦးအဖြစ် ရပ်တည်သွားမလား ဆိုတာနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ပါတယ်။

Q: မင်္ဂလာပါ Sylar ။ မတွေ့တာတောင် ကြာပြီနော်။ အခုလို ကျွန်တော်တို့ အင်တာဗျူးအတွက် ချိန်းဆိုတာကို လက်ခံပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ TI 9 ပြိုင်ပွဲ ပြီးဆုံးသွားစဉ် အချိန်ကတည်း Dota 2 လောကကနေ ပျောက်ကွယ်သွားခဲ့တယ်နော်။ ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်သွားမယ် ဆိုတာကို ပြောပြပေးပါဦး။

A: TI 9 အပြီးမှာ ကျွန်တော် အနားယူပြီး ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝနဲ့ ရပ်တည်လာခဲ့တာ နှစ်နဲ့ချီပြီ ကြာမြင့်ခဲ့ပြီလေ။ ဒါကြောင့် အာရုံစူးစိုက်ပြီးတော့ ပြိုင်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ကစားနိုင်ဖို့ အတွက် အချိန် တစ်ခုလောက် အနားယူဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။

Q: 2019-2020 DPC ရာသီ အပြောင်းအရွေ့ စျေးကွက်မှာ ဘယ်အသင်းကိုမှာ ပြောင်းရွေ့သွားခဲ့ခြင်း မရှိဘူးဆိုတော့ ပရိုဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူပြီး Dota 2 Stream ဘဝကို ခံယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလား ဆိုတာနဲ့ ပတ်သတ်ပြီး ဖြေကြားပေးပါဦး။

A: ကျွန်တော်အတွက် သင့်တော်တဲ့ အသင်း တစ်သင်းသင်းက လာရောက်ပြီး ကမ်းလှမ်းသွားခဲ့မယ်ဆိုရင် ကစားပေးဖို့ အဆင်သင့်ပါပဲ။ ပြိုင်ပွဲစိတ် အပြည့်ရှိတဲ့ အသင်း တစ်သင်းမှာ ကျွန်တော် ဝင်ရောက်ပြီးတော့ ကစားချင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော် ပုံမှန်လက်ရည် ပြန်လည် ရရှိဖို့အတွက် လေ့ကျင့်နေတုန်းပဲ ဖြစ်ပါတယ်။

Q: အပြောင်းအရွေ့ ရာသီမှာ Sylar ကို လာရောက် ကမ်းလှမ်းတဲ့ အသင်းတွေများ ရှိခဲ့သေးလား။

A: အသင်း ၂ သင်း၊ ၃ သင်းလောက်တော့ ကျွန်တော့်ကို လာပြီးတော့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။ နောက်တစ်လလောက် အထိ ကျွန်တော် ပုံမှန်လက်ရည် ပြန်လည် ရရှိဖို့ လေ့ကျင့်နေအုံးမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပြီ ဆိုရင်တော့ ကျွန်တော် ကစားချင်တဲ့ အသင်းတစ်သင်းကို သွားရောက်ပြီး ကိုယ်တိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာပါ။ အသင်းသစ်ကို အခုချိန်မှာ မပြောင်းသေးတဲ့ နောက်ထပ် အကြောင်းပြချက်ကတော့ Team Aster နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိစ္စလည်း ရှင်းလင်းလို့ မပြီးသေးလို့ပဲ ဖြစ်ပါတယ်။

Q: MDL Chengdu Major မှာ Burning နဲ့အတူ ပြိုင်ပွဲတွေကို Cast သွားဖို့ အစီအစဉ်ရော ရှိလား မသိဘူး။

A: ကျွန်တော် ပြိုင်ပွဲတွေမှာ Caster လုပ်ဖို့အတွက် စိတ်ဝင်စားပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ပရိုဖက်ရှင်နယ် Caster မဟုတ်တာကြောင့် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ကျွန်တော့် ထင်မြင်ယူဆချက်တွေကို ပြောပြနေသလို ဖြစ်နေမယ် ထင်ပါရဲ့။ လက်ရှိအချိန်မှာတော့ ကျွန်တော် အဲဒီကိစ္စတွေကို မစဉ်းစားချင်သေးဘူးဗျာ။ ကျွန်တော် ပုံမှန်လက်ရည် ပြန်လည် ရရှိဖို့ကိုပဲ ဦးစားပေး ဆောင်ရွက်သွားမှာပါ။

Q: ခင်ဗျားရဲ့ ပရိသတ် အတွက်လည်း တစ်ခုခု ပြောပေးပါဦး။

A: အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်‌တော် ဒီနှစ်ပိုင်းတွေမှာ ပရိသတ်တွေကို စိတ်ပျက်အောင် လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်တော် လက်လျှော့သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် အစွမ်းကုန် ပြန်လည် ကြိုးစားပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာအောင် ပြန်လည် ကြိုးစားသွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

REF: VpEsports