ကစားသမား အသစ်နှစ်ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ Sprout CSGO

ကစားသမား အသစ်နှစ်ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ Sprout CSGO

ဂျာမနီနိုင်ငံ အခြေစိုက် CSGO အသင်း တစ်သင်းဖြစ်တဲ့ Sprout ဆိုတာကတော့ CSGO လောကရဲ့ A-Tier, B-Tier အဆင့်ရှိ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ CSGO အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က Sprout CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားနှစ်ဦးဖြစ်တဲ့ Nils “k1to” Gruhne နဲ့ Florian “syrsoN” Rische တို့ ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် CSGO အသင်း BIG ကို ပြောင်းရွေ့သွားခဲ့တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ကစားသမား နှစ်ဦး လိုအပ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယခုအခါမှာတော့ အသင်းအတွက် လိုအပ်နေတဲ့၊ အသင်းနဲ့ ကိုက်ညီမယ့် ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း Sprout CSGO အသင်းအနေနဲ့ တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ Sprout CSGO အသင်းကို အသစ် ထပ်မံရောက်ရှိလာတဲ့ ကစားသမားတွေကတော့ Tomas “Oskar” Stastny နဲ့ Pawel “Dycha” Dycha တို့ပဲ ဖြစ်ပါတယ်။

အသက် (၂၈) နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Oskar အနေနဲ့ Mousesports, HellRaisers စတဲ့ နာမည်ကျော် CSGO အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ပြီး အောင်မြင်မှုများစွာကို စွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေရဲ့ အကောင်းဆုံး CSGO ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် Oskar အနေနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံး အနေအထား ပြန်လည် ရောက်ရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းသစ်ဖြစ်တဲ့ Sprout နဲ့အတူ ယခင်လက်စွမ်းတွေကို ပြန်လည် ရရှိနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Oskar

Dycha အနေနဲ့ ပရိုဖက်ရှင်နယ် CSGO လောကကို ၂၀၁၈ ခုနှစ်၊ နှစ်လည်ပိုင်းမှာ စတင် ဝင်ရောက် လာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းငယ် အများစုမှာသာ ကစားခွင့် ရရှိခဲ့ပါတယ်။ Dycha အနေနဲ့ ARCY CSGO အသင်းမှာ တစ်လခန့် ဝင်ရောက်ကစားခဲ့ပြီး အဲဒီနောက်မှာ Sprout CSGO အသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

ကစားသမားအသစ် နှစ်ယောက်ဖြင့် ပြန်လည် ဖွဲ့စည်းထားတဲ့ Sprout CSGO အသင်း အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမယ့် DreamHack Open Leipzig ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Dycha

Sprout CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Timo “Spiidi” Richter
  • Denis “Denis” Howell
  • Josef “faveN” Baumann
  • Tomas “Oskar” Stastny
  • Pawel “Dycha” Dycha
  • Niclas “enkayJ” Krumhorn (Coach)

REF: VpEsports