ကစားသမားစာရင်းမှာ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့တဲ့ Dota 2 အသင်း NIP

ကစားသမားစာရင်းမှာ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့တဲ့ Dota 2 အသင်း NIP

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲ WePlay! Bukovel Minor မကျင်းပမီ အချိန်မှာ ပရိုဖက်ရှင်နယ် Dota 2 အသင်း အချို့ကတော့ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နေ့မှာ အရှေ့တောင်အာရှ အခြေစိုက် Dota 2 အသင်း Geek Fam အနေနဲ့ အသင်းရဲ့ Mid Lane ကစားသမား Ryoya ကို အသင်းကနေ ထုတ်ပယ်ပစ်ကာ Team Amplfy ရဲ့ အသက် (၂၁) နှစ်အရွယ် Mid Lane ကစားသမား Santino (Karl) ကို ခေါ်ယူခဲ့ပါတယ်။

ယခုအခါမှာတော့ Esports လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ Ninja in Pyjamas Esports အဖွဲ့အစည်း လက်အောက်ခံ NIP Dota 2 အသင်း အနေနဲ့လည်း ကစားသမား အပြောင်းအရွေ့ အချို့ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

EG Dota 2 အသင်းနဲ့အတူ TI 5 ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ PPD အနေနဲ့ NIP Dota 2 အသင်းကို ရောက်ရှိခဲ့စဥ် အချိန်က စတင်ကာ အောင်မြင်မှု အနည်းငယ်ကိုသာ ရယူနိုင်ခဲ့တာကြောင့် 2019-2020 DPC ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် NIP Dota 2 အသင်းရဲ့ ကစားသမား စာရင်းမှာ အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့ပါတယ်။

PPD အနေနဲ့ 2019-2020 DPC ရာသီမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် NIP Dota 2 အသင်းမှာ ကစား‌ပေးရန် အတွက် EG Dota 2 အသင်းမှာ PPD နဲ့အတူ TI 5 ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Universe၊ Na’Vi Dota 2 အသင်းရဲ့ Pos 4 ကစားသမားဟောင်း Biver၊ အမေရိကန်နိုင်ငံသား နာမည်ကျော် Mid Lane ကစားသမား Gunnar၊ အသက်အရွယ်ပိုင်းအရ ငယ်ရွယ်သေးပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ Carry ကစားသမား Skiter တို့ကို ခေါ်ယူခဲ့ပါတယ်။

NIP Dota 2

NIP Dota 2 အသင်းကို PPD တစ်ယောက် စိတ်ကြိုက် ကစားသမားတွေနဲ့ ဖွဲ့စည်းခွင့် ရရှိခဲ့ပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ခြင်း မရှိတာကြောင့် MDL Chengdu Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် NIP အဖွဲ့သားတွေ အနေနဲ့ Minor ပြိုင်ပွဲ Dota Summit 11 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုတော့ အရယူနိုင်ခဲ့ပါတယ်။

Dota Summit 11 ပြိုင်ပွဲမှာ NIP Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် အုပ်စုအဆင့်နဲ့သာ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ ပထမဆုံး Major/ Minor ပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ဥရောပ Dota 2 လောကရဲ့ နာမည်ကျော် အသင်းအများစု အနေနဲ့ အနားယူနေရာကနေ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် NIP Dota 2 အသင်း အနေနဲ့ နာမည်ကျော် အသင်း အနည်းငယ်သာ တည်ရှိနေတဲ့ မြောက်အမေရိက ဒေသကို ပြောင်းရွေ့ယှဥ်ပြိုင်ခဲ့ပါတယ်။

Skiter

မြောက်အမေရိက ဒေသကနေ တစ်ဆင့် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း နာမည်ကျော် Dota 2 အသင်းတွေဖြစ်တဲ့ Evil Geniuses, Chaos Esports Dota 2 အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာကြောင့် ဒုတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

Major လက်ရည်စစ်ပွဲမှာ ကျရှုံးခဲ့ပေမယ့် Minor လက်ရည်စစ်ပွဲမှာတော့ NIP Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ကာ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲ WePlay! Bukovel Minor 2020 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

Tanner

အခုလို WePlay! Bukovel Minor 2020 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိခဲ့ပေမယ့်လည်း NIP Dota 2 အသင်းရဲ့ လက်ရှိလူစာရင်းမှာ အနည်းငယ် အားနည်ချက်တွေ ရှိနေခဲ့တာကြောင့် အသင်းရဲ့ Carry ကစားသမား Skiter ကို ထုတ်ပယ်ကာ WePlay! Bukovel Minor 2020 ဥရောပ လက်ရည်စစ်ပွဲမှာ Vikings Dota 2 အသင်းနဲ့အတူ လက်စွမ်းပြနိုင်ခဲ့တဲ့ Mid Lane ကစားသမား Tanner ကို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Skiter အနေနဲ့ အသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ကြောင်း၊ အသင်းသစ်ကို ရှာဖွေနေကြောင်း၊ အတူရှိနေတဲ့ ကာလမှာ ဂရုစိုက်ပေးခဲ့တဲ့ NIP အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်းကို ကိုယ်ပိုင် Twiiter စာမျက်နှာကနေ တစ်ဆင့် ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Skiter ကို အသင်းကနေ ထုတ်ပယ်လိုက်ရခြင်းနဲ့ ပတ်သတ်ပြီး NIP ဘက်ကတော့ အခုလိုပဲ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

“Skiter တစ်ယောက် အသင်းမှာ ရှိနေစဥ် ကာလမှာ အစွမ်းကုန် ကြိုးစားခဲ့သလို၊ အသင်းအတွက်လည်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ကျွန်‌‌တော်တို့တွေ ယခုထက် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်သင့်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ ထင်သလို ဖြစ်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် Skiter ကို အခုလို အသင်းကနေ အနားပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ Skiter ကိုလည်း ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးမှာ ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”

NIP Dota 2 အသင်း အနေနဲ့ Mid Lane ကစားသမားဖြစ်သူ Tanner ကို ခေါ်ယူခဲ့တာ ဖြစ်တာကြောင့် အသင်းရဲ့ လက်ရှိ Mid Lane ကစားသမားဖြစ်သူ Gunnar အနေနဲ့ Carry Role ကို ပြောင်းလဲကစားသွားမှာ ဖြစ်ပါတယ်။ NIP Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Gunnar – Pos 1
  • Tanner – Pos 2
  • Universe – Pos 3
  • Biver – Pos 4
  • PPD – Pos 5

REF: VpEsports