Twitch ကိုစွန့်ခွာပြီး Streaming Platform Mixer ကိုပြောင်းသွားခဲ့တဲ့ Shroud

Twitch ကိုစွန့်ခွာပြီး Streaming Platform Mixer ကိုပြောင်းသွားခဲ့တဲ့ Shroud

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Gaming လောကရဲ့ ထိပ်တန်း Stream တစ်ဦးဖြစ်သူ Ninja တစ်ယောက် Amazon အပိုင် Twitch ကနေ Microsoft အပိုင် Mixer ကိုပြောင်းရွေ့သွားခဲ့တာနဲ့ ပတ်သတ်ပြီး အတော်လေးကို ဂယက်ထလို့ သွားခဲ့ပါတယ်။

Ninja တစ်ယောက် Mixer မှာအထိုင်ကျပြီး သိပ်မကြာခင် အချိန်တစ်ခုဖြစ်တဲ့ အောက်တိုဘာလ (၂၄) ရက်နေ့မှာ Shroud အနေနဲ့လည်း Twitch ကိုစွန့်ခွာပြီး Mixer မှာပဲ Stream တော့မှာ ဖြစ်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ (၂) လအတွင်းမှာ ထိပ်တန်း Streamer တွေဖြစ်တဲ့ Ninja နဲ့ Shroud နှစ်ဦးလုံးကို ဆုံးရှုံးခဲ့ရတာက Amazon အပိုင် Twitch အတွက်တော့ တကယ်ကို အထိနာစရာကိစ္စ တစ်ခုပဲ ဖြစ်ပါတယ်။

Ninja အနေနဲ့ Twitch မှာစတင် Stream တဲ့အချိန်ကတည်းက Fortnight တစ်မျိုးတည်းကိုသာ Stream ခဲ့တာ ဖြစ်တာကြောင့် Fortnight နဲ့ Ninja ကိုချစ်မြတ်နိုးသူ သီးသန့်ကိုသာ Twitch အနေနဲ့ ဆုံးရှုံးလိုက်ရပေမယ့် Shroud အနေနဲ့ Apex Legends, Counter Strike, World of Warcraft, Rainbow Six, Minecraft, Call of Duty, Player Unknown Battleground စတဲ့ ဂိမ်းပေါင်း မြောက်များစွာကို Stream လေ့ရှိတဲ့အပြင် Twitch ရဲ့ ဒုတိယ Follower အများဆုံး Streamer တစ်ယောက် ဖြစ်တာကြောင့် Shroud တစ်ယောက် Twitch ကိုစွန့်ခွာသွားခြင်းကတော့ Twitch အတွက်‌တော့ တကယ်ကို အထိနာတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

Shroud အနေနဲ့ အခုလို Twitch Platform ကိုစွန့်ခွာပြီး Mixer ကိုပြောင်းရွေ့ခဲ့ရတဲ့ အကြောင်းအရင်း တိတိကျကျကို လက်ရှိအချိန်ထိ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။ Mixer မှာ Shroud တစ်ယောက် စတင် Stream ခဲ့တဲ့အချိန်မှာ ကြည့်ရှုသူ လူဦးရေ (၇၈၀၀၀) ၊ Follower (၂၅၀၀၀) ခန့်ရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Mixer မှာ Shroud ကို Follow လုပ်သူ လူဦးရေ (၇၂၀၀၀၀) အထိ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Microsoft အနေနဲ့ Streaming Platform တွေဘက်ကို အားစိုက်ပြီး စျေးကွက် တိုးချဲ့မှုတွေကို စတင်လုပ်ကိုင် လာခဲ့ပြီ ဖြစ်တာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ Streaming Platform တွေအကြား တိုက်ပွဲတွေကို ပိုမိုမြင်တွေ့လာရဖွယ် ရှိပါတယ်။

REF: VpEsports