Sea Dota လောကရဲ့ နာမည်ကျော် ကစားသမားများဖြင့် ဖွဲ့စည်းထားတဲ့ Dota 2 အသင်းသစ် Brothers United

Sea Dota လောကရဲ့ နာမည်ကျော် ကစားသမားများဖြင့် ဖွဲ့စည်းထားတဲ့ Dota 2 အသင်းသစ် Brothers United

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ပြိုင်ပွဲကြီး ပြီးဆုံးဖို့ အတွက် ရက်ပိုင်းခန့် အလိုမှာ ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ Dream League Leipzig Major ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Sea Dota 2 အသင်းသစ် တစ်သင်း ထပ်မံ ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

အသစ် ဖွဲ့စည်းထားတဲ့ “Brothers United” Dota 2 အသင်းမှာ Sea Dota လောကရဲ့ နာမည်ကျော် ကစားသမားပေါင်း များစွာ ပါဝင်လို့ နေခဲ့ပါတယ်။ Brothers United Dota 2 အသင်းမှာ ရှေးယခင် အချိန်တုန်းက Sea Dota လောကအပြင် နိုင်ငံတကာ Dota လောကမှာပါ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ Orange Esports Dota 2 အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ YamateH, Mushi နဲ့ Ohaiyo တို့ ပါဝင်လာခဲ့ပြီး The International 2019 ပြိုင်ပွဲကြီးမှာ Mineski အသင်းနဲ့ အတူ လက်စွမ်း ပြနိုင်ခဲ့တဲ့ Raging Potato ၊ ယခင် Mineski Dota 2 အသင်းရဲ့ ကစားသမားဟောင်း Benhur တို့ ပါဝင်လာခဲ့ပါတယ်။

Raging Potato

Brothers United Dota 2 အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ Yameteh, Mushi နဲ့ Benhur တို့ သုံးဦးလုံးဟာ Mid Lane ကစားသမားတွေ ဖြစ်ခဲ့ကြပေမယ့် Mushi အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ Keen Gaming Dota 2 အသင်းမှာ Pos 5 ကစားသမား အဖြစ် ကစားခဲ့တဲ့အပြင် Fanatic, Tigers စတဲ့ အသင်းတွေမှာလည်း Pos 1 ကစားသမား အဖြစ် ကစားခဲ့ပါတယ်။

Mushi and Yamateh

YamateH အနေနဲ့လည်း ယခင် အချိန်တုန်းက Mid Lane ကစားသမား အဖြစ် အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကျရှုံးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ Warriors Gaming Unity အသင်းမှာ Pos 5 ကစားသမား အဖြစ် ပြောင်းလဲ ကစားခဲ့ပါတယ်။

Orange Dota 2

Ohaiyo အနေနဲ့ Dota 2 လောကကို စတင် ဝင်ရောက်လာစဉ် အချိန်ကတည်းက Pos 3 (Offlane) ကစားသမား အဖြစ် ကစားခဲ့သလို Bimbo/ Raging Potato ဆိုတာကတော့ Carry, Offlane, Support (Pos 4) စတဲ့ Position (၃) မျိုးလုံးကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Ohaiyo 

Brothers United အသင်းမှာ Mushi အနေနဲ့ Carry (Pos 1) ကစားသမား အဖြစ် ပြန်လည် တာဝန်ယူသွားဖွယ်ရှိပြီး Mid (Pos 2) ကစားသမား အဖြစ် Benhur ၊ Offlane (Pos 3) ကစားသမား အဖြစ် Ohaiyo ၊ Pos 4 (Support) ကစားသမားအဖြစ် Raging Potato ၊ Pos 5 (Support/ Captain) ကစားသမား အဖြစ် Yamateh တို့ကို ပြန်လည် မြင်တွေ့ရဖွယ် ရှိပါတယ်။

Benhur

Dream League Leipzig Major Open Bracket လက်ရည်စစ်ပွဲတွေကို နိုဝင်ဘာလ (၂၈) နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်တာကြောင့် နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Brother United အနေနဲ့ Open Bracket လက်ရည်စစ်ပွဲကို အောင်မြင်ပြီး Closed Qualifier မှာ Sea အင်အားကြီး အသင်းတွေဖြစ်တဲ့ Fnatic, TNC, GeekFam စတဲ့ အသင်းတွေကို ကျော်ဖြတ်ကာ Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports