ဒုတိယအကြိမ်မြောက် Twitch ကနေ Ban ခံလိုက်ရတဲ့ နာမည်ကျော် CSGO ကစားသမား s1mple

ဒုတိယအကြိမ်မြောက် Twitch ကနေ Ban ခံလိုက်ရတဲ့ နာမည်ကျော် CSGO ကစားသမား s1mple

ပရိုဖက်ရှင်နယ် CSGO အသင်း Natus Vincere ရဲ့ Rifler/ Awper ကစားသမားဖြစ်သူ Oleksandr “s1mple” Kostyliev အနေနဲ့ နာမည်ကျော် Streaming Platform ဖြစ်တဲ့ Twitch ကနေ ဒုတိယ အကြိမ်မြောက် ထပ်မံ Ban ခံလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

Simple ဆိုတာကတော့ ကမ္ဘာ့ အကောင်းဆုံး CSGO ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် ဖြစ်သလို နာမည်ကျော် Twitch Streamer တစ်ဦးလည်း ဖြစ်ပါတယ်။ Simple အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း Stream နေရင်း Homophobic ဆိုင်ရာ စကားလုံး တစ်လုံးကို ပြောခဲ့မိတာကြောင့် Twitch ကနေ Ban ခံခဲ့ရပါသေးတယ်။

Simple အနေနဲ့ အဲဒီအချိန်တုန်းကလည်း အဆိုပါ စကားလုံးကို တစ်ဦးတစ်ယောက်ကို နစ်နာစေချင်တဲ့ ဆန္ဒဖြင့် ပြောကြားခဲ့တာ မဟုတ်ကြောင်း၊ အပျော်သဘောဖြင့် သူငယ်ချင်း အချင်းချင်း စနောက်လိုက်တာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းပေးခဲ့ရပါတယ်။

အခုလို Twitch ကနေ ပထမအကြိမ် Ban ခံရပြီး လပိုင်းခန့် အကြာမှာပဲ ဒုတိယအကြိမ် ထပ်မံ Ban ခံခဲ့ရတာကြောင့် Simple တစ်ယောက် အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ Simple အနေနဲ့ ဒုတိယ အကြိမ် Ban ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ ဖြေရှင်းသွားခဲ့ပါတယ်။

“Twitch AI စနစ် အနေနဲ့ စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ် သက်ရောက်မှုကို တိတိကျကျ သိရှိခြင်း မရှိတာကြောင့် ကျွန်တော် နောက်တစ်ကြိမ် ထပ် Ban ခံလိုက်ပြန်ရပါပြီ။ အခုလို ဆိုးဝါးတဲ့ Streaming Platform တစ်ခုကို အသုံးပြုနေရတာကိုလည်း တကယ်ကို စိတ်ပျက်လာပါပြီ။ Twitch Viewer တွေနဲ့ စကားပြောရာမှာ စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်နေရတာနဲ့ ပတ်သတ်ပြီးတော့လည်း အင်မတန်ကို စိတ်ပျက်လာပါပြီ။”

ဒါ့အပြင် Twitch Partnership ကိုလည်း ဖြုတ်ချပေးဖို့ အတွက် Simple အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ တောင်းဆိုသွားခဲ့ပါတယ်။

“ကျွန်တော် အခုချိန်မှာ Ban ခံထားရတဲ့ အတွက် Twitch Partnership ကို ဖြုတ်ချလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် Twitch ရဲ့ လူကြီးမင်းများ အနေနဲ့ ကျွန်တော့်ကိုယ်စား Twitch Partnership ကို ဖြုတ်ချပေးဖို့ အတွက် တောင်းဆိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ လပိုင်းခန့်က Twitch Streaming Platform ရဲ့ နာမည်ကျော် Streamer တွေဖြစ်ကြတဲ့ Shroud နဲ့ Ninja တို့ Microsoft ရဲ့ ကိုယ်ပိုင် Streaming Platform အသစ် Mixer ကို ပြောင်းရွေ့သွားကြသလို ယခုအခါမှာ Simple အနေနဲ့ Twitch နဲ့ ဆက်လက် လက်တွဲလိုခြင်း မရှိတော့ကြောင်း အတိအလင်း ကြေငြာသွားခဲ့ပြီ ဖြစ်တာကြောင့် Simple တစ်ယောက် YouTube Streaming Platform ကိုပဲ ပြောင်းရွေ့ အခြေချမလား ဒါမှမဟုတ် Shroud နဲ့ Ninja နည်းတူ Microsoft ရဲ့ Streaming Platform အသစ် Mixer ကိုပဲ ပြောင်းရွေ့သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports