Bukovel Minor မှာ ယှဥ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ Ryoya (747)

Bukovel Minor မှာ ယှဥ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ Ryoya (747)

အရှေ့တောင်အာရှဒေသ အခြေစိုက် Dota 2 အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Geek Fam အနေနဲ့ ကျဆင်းနေတဲ့ အသင်းရဲ့ ပုံရိပ်ကို ပြန်လည် မြှင့်တင်နိုင်ဖို့ အတွက် 2019-2020 DPC ရာသီ စတင်ချိန်မှာ SEA ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Raven, KuKu, Xepher, Dubu စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့သလို Mid Position မှာ ကစားစေဖို့ အတွက်လည်း မြောက်အမေရိက အခြေစိုက် နာမည်ကျော် ကစားသမား Ryoya ကို ခေါ်ယူခဲ့ပါတယ်။

အခုလို နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲ MDL Chengdu Major လက်ရည်စစ်ပွဲမှာတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပထမဆုံး Minor ပြိုင်ပွဲ Dota Summit 11 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို Geek Fam Dota 2 အသင်း အနေနဲ့ ရယူနိုင်ခဲ့ပါတယ်။

Dota Summit 11 ပြိုင်ပွဲမှာလည်း Geek Fam Dota 2 အသင်း အနေနဲ့ Major လက်ရည်စစ်ပွဲနည်းတူ ဆိုးဝါးတဲ့ ရလဒ်တွေကို ထပ်မံ ရင်ဆိုင်ခဲ့ရပြီး အဆင့် 5th-6th ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ပထမဆုံး Minor ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကစားသမား စာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း မရှိပဲ Gee Fame Dota 2 အသင်း အနေနဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ထပ်မံ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒုတိယမြောက် Major လက်ရည်စစ်ပွဲမှာလည်း SEA ဒေသတွင်း နာမည်ကျော် Dota 2 အသင်းတွေကို ယှဥ်နိုင်ခဲ့ခြင်း မရှိတာကြောင့် Minor လက်ရည်စစ်ပွဲကို ထပ်မံ သက်ဆင်းခဲ့ရပါတယ်။ ဒုတိယမြောက် Minor ပြိုင်ပွဲ WePlay! Bukovel Minor လက်ရည်စစ်ပွဲမှာ Geek Fam Dota 2 အသင်းသားတွေ အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကာ Minor လက်ရည်စစ်ပွဲ တစ်လျှောက် ပွဲငယ်တစ်ပွဲတောင် ရှုံးနိမ့်ခဲ့ခြင်း မရှိဘဲ WePlay! Bukovel Minor မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

WePlay! Bukovel Minor ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းကာလမှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပရန် ရက်သတ္တပတ် အနည်းငယ်ခန့်သာ လိုအပ်တော့တဲ့ အချိန်မှာ Ryoya တစ်ယောက် Geek Fam ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ ဒါ့အပြင် အခြားသော အသင်းတွေမှ ကမ်းလှမ်းမှုတွေကို လက်ခံနေပြီ ဖြစ်ကြောင်းကိုလည်း ကြေငြာသွားခဲ့ပါတယ်။

Ryoya ဘက်မှ တရားဝင် ထုတ်ပြန် ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Geek Fam Dota 2 အသင်းဘက်လည်း Ryoya အနေနဲ့ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ လစ်လပ်သွားတဲ့ Ryoya ရဲ့နေရာအတွက် မည်သည့်ကစားသမားကို ခေါ်ယူသွားမယ် ဆိုတာကို Geek Fam Dota 2 အသင်း အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိတဲ့အပြင် မည်သည့် အကြောင်းပြချက်ကြောင့် လမ်းခွဲခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ကြေငြာခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ SEA ဒေသရဲ့ နာမည်ကျော် Mid Lane ကစားသမား တစ်ဦးဖြစ်သူ MidOne အနေနဲ့ အသင်းလက်မဲ့ အဖြစ် တည်ရှိနေတာကြောင့် MidOne တစ်ယောက် လစ်လပ်သွားတဲ့ Geek Fam Dota 2 အသင်းရဲ့ Mid Lane ကစားသမား နေရာမှာ ဝင်ရောက် ကစားသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming