ဒေသတွင်း CSGO ပြိုင်ပွဲမှာ ဝင်‌ရောက် ယှဥ်ပြိုင်ခဲ့တဲ့ နယ်သာလန် တော်ဝင်ရေတပ်သားများ

ဒေသတွင်း CSGO ပြိုင်ပွဲမှာ ဝင်‌ရောက် ယှဥ်ပြိုင်ခဲ့တဲ့ နယ်သာလန် တော်ဝင်ရေတပ်သားများ

နယ်သာလန် တော်ဝင်ရေတပ် အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ကျင်းပသွားခဲ့တဲ့ ဒေသတွင်း CSGO ပြိုင်ပွဲတစ်ခုမှာ ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက် ယှဥ်ပြိုင်သွားခဲ့ပါတယ်။ အခုလို CSGO ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ လူငယ်တွေကို ရေတပ်အတွင်း ဝင်ရောက် လာစေရန် ဆွဲဆောင်နိုင်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

CSGO ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး နယ်သာလန် တော်ဝန်ရေတပ်ရဲ့ အရာရှိ တစ်ဦးဖြစ်သူ Perter Van Den Berg ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Gamer တွေရဲ့ စိတ်နေသဘောထားက ကျွန်တော်တို့ စိတ်နေသဘောထားနဲ့ အတော်လေးကို နီးစပ်မှု ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ စစ်သားတွေ အနေနဲ့ တိုက်ပွဲကာလ ဖိအားတွေ အောက်မှာ လုပ်သင့်လုပ်ထိုက်တာကို အလျင်အမြန် ဆုံးဖြတ်ချက်ချဖို့ လိုအပ်သလို Gamer တွေဟာဆိုရင်လည်း ပြိုင်ပွဲမှာ အနိုင်ရရှိဖို့ အတွက် ဖိအားတွေအောက်မှာ အလျင်အမြန် ဆုံးဖြတ်ချဖို့ လိုအပ်ပါတယ်။”

နယ်သာလန် တော်ဝင်ရေတပ်သားတွေ ပါဝင်တဲ့ KM Esports CSGO အသင်း အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ပြိုင်ဘက် အသင်းတွေကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း Ven Den Berg ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ အသင်း အနိုင်ရဖို့ အတွက် အစကတည်းက မျှော်လင့်ထားခဲ့ခြင်း မရှိပါဘူး။ အခုပြိုင်ပွဲက ကျွန်တော်တို့ အသင်း CSGO လောကထဲ ဝင်ရောက်နိုင်ဖို့ ပထမ ခြေလှမ်းပဲ ဖြစ်ပါတယ်။ နောက်ပြိုင်ပွဲတွေမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ။”

နယ်သာလန် တော်ဝင်ရေတပ် အနေနဲ့ လူငယ်တွေနဲ့ ရင်းနှီးမှု ရရှိစေဖို့ အတွက်၊ လူငယ်တွေကို စစ်တပ်အတွင်း ဝင်ရောက် လာစေရန် ဆွဲဆောင်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ နှစ်တုန်းက ကျင်းပသွားခဲ့တဲ့ DreamHack Open Rotterdam 2019 CSGO ပြိုင်ပွဲကိုလည်း သွားရောက်ခဲ့တာကြောင့် အခုလို တပ်မတော်ပိုင် CSGO အသင်းဖြင့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခြင်းက လူငယ်တွေကို တပ်မတော် အတွင်း ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာမလား ဆိုတာကို‌တော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming