Demacia CUP 2019 မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း RNG

Demacia CUP 2019 မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း RNG

Royal Never Giveup အနေနဲ့ 2020 LoL ရာသီ မစတင်ခင် အချိန်မှာ အသင်းက‌နေ ထွက်ခွာသွားတဲ့ Jungle ကစားသမား Hung “Karsa” Hao Husuan နေရာအတွက် Li “XLB” Xiao Long ကို ခေါ်ယူခဲ့သလို Flash Wolves အသင်းရဲ့ Jungle ကစားသမား Lu “Betty” Yu Hung ကို အသင်းရဲ့ Bot Lane နေရာမှာ ကစားစေရန် အတွက် ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားခဲ့တဲ့ နာမည်ကျော် ကစားသမား Mata ကိုလည်း အသင်းရဲ့ နည်းပြချုပ် ရာထူးအဖြစ် ခန့်အပ်ကာ 2020 LoL ရာသီမှာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်စေရန် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

XLB

ယခုအခါမှာတော့ ကြိုတင် ပြင်ဆင်မှုရဲ့ အသီးအပွင့်တွေကို RNG LoL အသင်း အနေနဲ့ စတင် ခံစားနေရပြီး ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ Demacia CUP 2019 ဆိုတာ ပြိုင်ပွဲကြီး တစ်ခု မဟုတ်တာနဲ့အညီ ပြိုင်ပွဲဝင် အသင်းအများစု အနေနဲ့ လူစာရင်း အသစ်တွေကို စမ်းသပ် အသုံးပြုသွားခဲ့သလို World Champions အသင်းတွေဖြစ်တဲ့ FunPlus Phoenix, Invictus Gaming စတဲ့ အသင်းတွေ အနေနဲ့လည်း အဆိုပါ ပြိုင်ပွဲကို Academy ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

Betty

RNG အသင်း အနေနဲ့ Demacia CUP 2019 ပြိုင်ပွဲမှာ အသင်းရဲ့ နာမည်ကျော် ကစားသမား Jian “Uzi” Zi Hao ကို ထည့်သွင်းကစားသွားခဲ့ခြင်း မရှိဘဲ ကစားသမား အသစ်တွေကိုသာ အဓိကထား အသုံးပြုသွားခဲ့ပါတယ်။ RNG LoL အသင်း အနေနဲ့ အုပ်စု C မှာ JD Gaming, LNG Esports, Oh My God, Young Miracles စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ ပွဲနိုင် ၂ ပွဲရှုံး အုပ်စု ဒုတိယဖြင့်သာ Playoff အဆင့်ကို တက်လှမ်းခဲ့ရပါတယ်။

Mata

Playoff အဆင့်ကို ရောက်ရှိစဉ် အချိန်က စတင်ပြီး RNG LoL အသင်း အနေနဲ့ ကောင်းမွန်တဲ့ ကစားဟန် တစ်ခုကို ပုံဖော်နိုင်ခဲ့ကာ ကွာတားဖိုင်နယ် အဆင့်မှာ Rogue Warroirs ကို (၃-၀) ၊ ဆီမီးဖိုင်နယ်အဆင့်မှာ JD Gaming ကို (၃-၀) စတဲ့ ရလဒ်တွေဖြင့် အနိုင်ယူနိုင်ခဲ့သလို ဖိုင်နယ်အဆင့်မှာ EDWard Gaming ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Demacia Cup 2019 ပြိုင်ပွဲကြီးရဲ့ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို Demacia Cup 2019 မှာ အသင်းရဲ့ နာမည်ကျော် ကစားသမား ပါဝင်ခြင်း မရှိဘဲ ဝင်ရောက် ကစားခဲ့ပေမယ့် RNG LoL အသင်း အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ ယှဉ်ပြိုင်သွားရမယ့် LPL ပြိုင်ပွဲမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports