Invoker နဲ့အတူ စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့တဲ့ IG.Emo

Invoker နဲ့အတူ စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့တဲ့ IG.Emo

နိုဝင်ဘာလ (၇) ရက်နေ့မှာ စတင် ကျင်းပသွားခဲ့တဲ့ Dota Summit 11 ရဲ့ အဖွင့်ပွဲစဉ် တစ်ခုဖြစ်တဲ့ Invictus Gaming နဲ့ Pain Gaming တို့ရဲ့ ပွဲစဉ်မှာ IG အသင်းရဲ့ Mid ကစားသမားဖြစ်တဲ့ Emo အနေနဲ့ Invoker ကိုကိုင်တွယ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ (၁၆) မိနစ်ကျော်သာ ကြာမြင့်ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ Emo အနေနဲ့ Hero Kill (၁၅) ကောင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

IG အနေနဲ့ အဆိုပါ ပွဲစဉ်မှာ Team Fight အတွက် ဦးစားပေးပြီး Hero တွေကို ရွေးချယ် ရယူခဲ့သလို ပွဲစဉ်တစ်လျှောက် ဖိအားပေး ကစားဖို့ အတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပါတယ်။ Pain Gaming ဘက်ကတော့ Alchemist ကိုအထောင်ထားပြီး ကစားဖို့အတွက် ရွေးချယ်ခဲ့ပြီး Late Game ကျမှသာ အနိုင်ယူနိုင်မယ့် Draft ကိုရွေးချယ်ထားခဲ့ပါတယ်။

ပွဲစဉ် စတင်တဲ့ အချိန်ကတည်းက IG အသင်းရဲ့ Support Hero တွေဖြစ်တဲ့ Ogre Magi နဲ့ Lion တို့အနေနဲ့ မြေပုံတစ်လျှောက် လှည့်ပတ်ပြီး တစ်ဖက်အသင်းကို ဒုက္ခပေးနိုင်ခဲ့သလို Mid Lane မှာလည်း Invoker အနေနဲ့ တစ်ဖက်အသင်းရဲ့ အဓိက Hero ဖြစ်တဲ့ Alchemist ကို အသင်းသားတွေရဲ့ အကူအညီ မပါပဲ Solo သတ်နိုင်ခဲ့ပါတယ်။

Pain Gaming အနေနဲ့ Physical Damage ဦးစားပေး Draft ကိုရွေးချယ်ခဲ့တာကြောင့် Support Hero တွေဖြစ်တဲ့ Crystal Maiden နဲ့ Magnus တို့အနေနဲ့ ပွဲစဉ် အစပိုင်းမှာ တစ်ဖက်အသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း ပြုမူသမျှတွေကို ရင်စည်းခံခဲ့ရပါတယ်။

ပွဲစဉ်အစပိုင်းကတည်းက IG အသင်းရဲ့ တရစပ် ဖိအားပေးမှုတွေကို ခံခဲ့ရတဲ့အပြင် Emo ရဲ့ Invoker ကလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပွဲစဉ်တစ်လျှောက် ထုတ်ပြနိုင်ခဲ့တာကြောင့် ပွဲချိန် ၁၆ မိနစ်မှာတော့ Pain Gaming အသင်းသားတွေ အနေနဲ့ Invictus Gaming အသင်းသားတွေကို အရှုံးပေးခဲ့ရပါတယ်။

လက်ရှိအချိန်မှာ Invictus Gaming အနေနဲ့ Dota Summit 11 ပြိုင်ပွဲရဲ့ Play Off အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် အခွင့်အရေး တစ်ရပ်ကို ရရှိသွားခဲ့ပြီ ဖြစ်သလို IG အသင်းရဲ့ Mid Player Emo ဟာဆိုရင်လည်း Professional Dota 2 ပြိုင်ပွဲတစ်လျှောက် (၁၆) မိနစ် အတွင်း Hero Kill (၁၂) ကောင်ရယူနိုင်ခဲ့တဲ့ ပထမဆုံး Invoker Player အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်သလို Invoker ဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ ကစားသမား စာရင်းမှာလည်း ပထမနေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

EMO အနေနဲ့ အခုလို Dota Summit 11 ပြိုင်ပွဲရဲ့ ပထမနေ့မှာတင် အခုလို စံချိန်သစ်တွေကို ရေးထိုးနိုင်ခဲ့တာကြောင့် ထပ်မံ ယှဉ်ပြိုင်သွားမယ့် ပွဲစဉ်တွေမှာလည်း ဘယ်လို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကို ပြသသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်မျှော် ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports