၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းများ

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းများ

၂၀၁၉ ခုနှစ် အတွင်းမှာ PUBG Mobile အနေနဲ့ Esports ပြိုင်ပွဲပေါင်း များစွာကို ကျင်းပနိုင်ခဲ့သလို နာမည်ကျော် Esports အဖွဲ့အစည်းပေါင်း များစွာကို PUBG Mobile လောက အထဲကို ဝင်ရောက် လာစေရန် အတွက်လည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ PUBG Mobile ပြိုင်ပွဲတွေကို ကမ္ဘာတစ်ဝှမ်း နေရာအနှံ့အပြားမှာ ကျင်းပခဲ့တာ ဖြစ်တာနဲ့အညီ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ PUBG Mobile အသင်းပေါင်း များစွာလည်း ပေါ်ပေါက်လို့ လာခဲ့ပါတယ်။

ဒါကြောင့် နာမည်ကျော် Gaming Media တစ်ခုဖြစ်တဲ့ AFK Gaming မှ ထုတ်ပြန် ကြေငြာချက်များ အရ သိရှိခဲ့ရတဲ့၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းတွေကို GameJoe ပရိသတ်ကြီး လေ့လာနိုင်ဖို့ အတွက် အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Yoodo Gank (Malaysia)

Yoodo Gank ဆိုတာကတော့ မလေးရှားနိုင်ငံ အခြေစိုက် PUBG Mobile အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ Yoodo Gank အသင်းကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်က အခြားသော PUBG Mobile အသင်းတွေလို နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ မဟုတ်ပေမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မထင်မှတ်ထားတဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် အခုလို ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းများ စာရင်းရဲ့ နံပါတ် (၁၀) နေရာမှာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

  • Team Unique (CIS)

PUBG Mobile လောကမှာ ဥရောပသားတွေ အနေနဲ့ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဥရောပဒေသမှာ အခြားသော Esports အမျိုးအစားတွေ ခေတ်စားပေမယ့်လည်း Mobile Esports ကိုတော့ စိတ်ဝင်တစား အားပေးသူ မရှိသလောက် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း CIS အခြေစိုက် ပရိုဖက်ရှင်နယ် PUBG Mobile အသင်း Team Unique ကတော့ ဒေသတွင်း အဆင့်မှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့အပြင် နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ PMSC World CUP မှာလည်း ပထမဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းများ စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

  • Team Queso (South America)

ဥရောပနည်းတူ တောင်အမေရိကမှာလည်း PUBG Mobile အနေနဲ့ ပရိသတ် အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း တောင်အမေရိက အခြေစိုက် Team Queso ကတော့ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး တောင်အမေရိက ကိုယ်စားပြု PUBG Mobile အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို နိုင်ငံတကာ ပြိုင်ပွဲကြီးတွေဖြစ်တဲ့ PMCO Spring, PMCO Fall, PMSC World Cup, PEC စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သလို ပြိုင်ပွဲအများစုရဲ့ ထိပ်ဆုံး (၁၀) သင်း  စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

  • MEGA. Conqueror (Thailand)

ထိုင်းနိုင်ငံ အခြေစိုက် PUBG Mobile အသင်း MEGA. Conqueror အနေနဲ့ PMCO Fall ပြိုင်ပွဲမှာ တတိယဆုကို စွတ်ခူးနိုင်ခဲ့သလို PEC ပြိုင်ပွဲမှာလည်း အဆင့် ၆ နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် MEGA. Conqueror PUBG Mobile အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲတွေမှာ ထိပ်ဆုံး ၆ သင်း စာရင်းမှာ ပါဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

  • RRQ Athena (Thailand)

RRQ Athena ဆိုတာကတော့ PUBG Mobile ချစ်ပရိသတ် အများစု ရင်းနှီးပြီးသား အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ အောင်မြင်မှု ကြီးကြီးမားမားတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ပြိုင်ပွဲ အများစုရဲ့ ထိပ်သီးစာရင်းမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး PUBG Mobile အသင်းတွေ အထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

  • Cloud 9 (USA)

Esports လောကရဲ့ အကြီးမားဆုံး အဖွဲ့အစည်း တစ်ခုဖြစ်တာနဲ့အညီ Cloud 9 PUBG Mobile အသင်း အနေနဲ့ မြောက်အမေရိက ဒေသရဲ့ အကောင်းဆုံး PUBG Mobile အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် PEC, PMSC World CUP စတဲ့ နိုင်ငံတကာ အဆင့် ပြိုင်ပွဲတွေမှာလည်း ထိပ်ဆုံး (၄) သင်း စာရင်းဝင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

  • Bigetron Esports (Indonesia)

Bigetron Esports အတွက်တော့ ၂၀၁၉ ခုနှစ်က ကံကောင်းခြင်းတွေ ယူဆောင်လာခဲ့တဲ့ နှစ်လေးတစ်နှစ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စတင်စဉ် အချိန်က စတင်ပြီး Bigetron Esports PUBG Mobile အသင်း အနေနဲ့ ပြိုင်ပွဲစုံမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို PMCO Fall Championship ပြိုင်ပွဲကြီးမှာ ပြိုင်ဘက်အသင်းတွေထက် သာလွန်တဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: AfkGaming