Finger Dance Challenge မှာ ထိပ်ဆုံး (၅) ယောက် စာရင်းဝင်တာနဲ့ PMCO Global Final အလကား ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကို ဖန်တီးပေးလိုက်တဲ့ PUBG Mobile

Finger Dance Challenge မှာ ထိပ်ဆုံး (၅) ယောက် စာရင်းဝင်တာနဲ့ PMCO Global Final အလကား ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကို ဖန်တီးပေးလိုက်တဲ့ PUBG Mobile

PUBG Mobile အဖွဲ့အစည်း အနေနဲ့ နော်ဝေးနိုင်ငံသား ကမ္ဘာကျော် DJ တစ်ဦးဖြစ်တဲ့ Alan Walker နဲ့ပူးပေါင်းပြီး ကျင်းပသွားမယ့် Finger Dance Challenge အကြောင်းကို တရားဝင်‌ ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Finger Dance Challenge ပြိုင်ပွဲကို ယခုအချိန်ကနေ စတင်ပြီး နိုဝင်ဘာလ (၁၇) ရက်နေ့အထိ အွန်လိုင်းကနေ တစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Finger Dance Challenge ပြိုင်ပွဲမှာ ထိပ်ဆုံး (၅) ယောက် စာရင်းဝင်ခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ နိုဝင်ဘာလ (၂၃) ရက်နေ့ကနေ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တဲ့ PMCO Fall Split Global Final ပြိုင်ပွဲကြီးကို အလကား ကြည့်ရှုခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ Finger Dance Challenge မှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် ပြိုင်ပွဲဝင်တွေ အနေနဲ့ Alan Walker ရဲ့ “Live Fast” သီချင်း ဒါမှမဟုတ် “Live Fast” ကို Remix လုပ်ထားတဲ့ သီချင်းကို နောက်ခံသီချင်းအဖြစ် အသုံးပြုပြီး Finger Dance Challenge ဗွီဒီယိုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

“Live Fast” သီချင်းကို နောက်ခံသီချင်း အဖြစ် အသုံးပြုပြီး မိမိပြုလုပ်ထားတဲ့ Finger Dance Challenge ဗွီဒီယိုကို Instagram ဒါမှမဟုတ် Facebook ဒါမှမဟုတ် YouTube တို့အပေါ်မှာ တင်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတင်ထားတဲ့ ဗွီဒီယိုရဲ့ Description မှာ #PUBGMFingerDance လို့ရေးသား ဖော်ပြပြီး PUBGMobile ကို Tag တွဲပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မိမိတင်ထားတဲ့ Finger Dance Challenge ဗွီဒီယို Link ကို PubgM Contest Website ကိုပို့ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ပို့ပေးလိုက်တဲ့ ဗွီဒီယိုက လူကြိုက်အများဆုံး ဗွီဒီယို ငါးခု စာရင်းမှာ ပါဝင်သွားခဲ့မယ် ဆိုရင်တော့ PMCO Fall Split Global Final ပြိုင်ပွဲပြီးကို အလကား ကြည့်ရှုခွင့် ရရှိမှာ ဖြစ်ပါတဘ်။ ဒါ့အပြင် Finger Dance Challenge မှာ ဝင်ရောက် ယှဉ်ပြိုင်သူများကို PUBG Mobile အနေနဲ့ လက်ဆောင်များလည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်က PUBG Mobile ချစ်ပရိသတ်တွေ အနေနဲ့လည်း PMCO Fall Split Global Final ကို အလကား ကြည့်ရှုခွင့် ရရှိနိုင်စေဖို့ အတွက် FingerDance Challenge Video လေးကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။

REF: DotEsports