ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ ကျင်းပသွားမယ့် PUBG MOBILE STAR CHALLENGE WORLD CUP 2019

ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ ကျင်းပသွားမယ့် PUBG MOBILE STAR CHALLENGE WORLD CUP 2019

PUBG Mobile Star Challenge World Cup (2019) ကိုဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Riyadh မှာဒီဇင်ဘာလ (၁၂) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ PUBG Mobile Star Challenge World Cup (2019) ဖြစ်မြောက်ရေးအတွက် PUBG Corporation, Banana Culture, Tencent Games တို့မှ ပူးတွဲစီစဉ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၂၆၇၀၀၀) ခန့်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

PUBG Mobile Star Challenge World Cup (2019) ဟာဆိုရင် PUBG Mobile စတင် ထွက်ရှိခဲ့စဉ် အချိန်က စတင်ကာ PUBG Mobile Star Challenge (PMSC) မှကြီးမှူးကျင်းပတဲ့ တတိယမြောက် ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ PMSC World Cup (2019) မှာ စုစုပေါင်း အသင်း အရေအတွက် (၃၂) သင်း ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသမှ (၁၆) သင်း၊ အခြားသော ဒေသများမှ (၁၆) သင်း ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ PMSC World Cup (2019) မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမယ့် အသင်းတွေကို သိရှိရခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ဒေသတွင်း လက်ရည်စစ်ပွဲတွေကို ယှဉ်ပြိုင်သွားရနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

PMSC ပြိုင်ပွဲတွေကို အရှေ့အလယ်ပိုင်း ဒေသမှာ ကျင်းပခဲ့တာ ယခုအချိန်က ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ PMSC မှပထမဆုံး အကြိမ် ကြီးမှူးကျင်းပခဲ့တဲ့ PMSC (2018) ကိုလည်း အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

PUBG Mobile Star Challenge (2018) မှာအသင်း (၂၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းနိုင်ငံ အခြေစိုက် RRQ Athena မှ ပထမဆုကို ထိုက်ထိုက်တန်တန် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၂) သိန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

PSMC ရဲ့ ဒုတိယ အကြိမ်မြောက် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ PUBG Mobile Star Challenge (2019) ကိုတော့ ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့မှာ ကျင်းပခဲ့ပါတယ်။ PSMC (2019) မှာတော့ အသင်းပေါင်း (၁၆) သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး KENBOO အသင်းအနေနဲ့ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ကာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁) သိန်းခန့်ကို စွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့် PMSC World Cup (2019) မှာလည်း ဘယ်အသင်းတွေက ပထမဆုကို သိမ်းပိုက်နိုင်မယ် ဆိုတာကို PUBG Mobile ချစ်ပရိသတ်ကြီး အနေနဲ့ သိပ်မကြာခင် အချိန်အတွင်းမှာ ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

REF: OneEsports, Liquipedia, PMSC