PUBG Global Championship 2019 ပြိုင်ပွဲကြီးကို မကြာမီ အချိန်အတွင်း ကျင်းပသွားတော့မည်

PUBG Global Championship 2019 ပြိုင်ပွဲကြီးကို မကြာမီ အချိန်အတွင်း ကျင်းပသွားတော့မည်

PUBG Global Championship 2019 ပြိုင်ပွဲဆိုတာကတော့ (၂၀၁၉) ခုနှစ် Competitive ရာသီရဲ့ နောက်ဆုံးပိတ် ပြိုင်ပွဲတစ်ခု ဖြစ်သလို PUBG Corporation မှကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ အခမ်းနားဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ PUBG Global Championship 2019 ပြိုင်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့ကနေ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် PUBG Global Championship 2019 ပြိုင်ပွဲအတွက် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂) သန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

PUBG Global Championship 2019 ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များနဲ့ ရှုံးထွက်ပွဲစဉ်များကို နိုဝင်ဘာလ (၈) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ့်မြို့တော် (Los Angeles) ၊ OGN Super Arena မှာကျင်းပသွားမှာဖြစ်ပြီး အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲစဉ်များကိုတော့ နိုဝင်ဘာလ (၁၅) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ အုပ်ခ်လန်းမြို့တော် (Oakland)၊ Oakland Arena မှာကျင်းပသွားမှာ ဖြစ်ပါတယ်။

PUBG Global Championship 2019 ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းမှ နာမည်ရ PUBG အသင်း (၃၂) သင်းဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှ PUBG ချစ်ပရိသတ်တွေ အတွက် တကယ်ကို စောင့်မျှော်ရကျိုးနပ်တဲ့ ပြိုင်ပွဲကြီး တစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။

PUBG Global Championship 2019 ရဲ့ အုပ်စုအဆင့် ပွဲစဉ်များကို (၁၆) သင်း တစ်အုပ်စုနှုန်းဖြင့် အုပ်စုနှစ်စု ခွဲခြားသတ်မှတ်ပြီး ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။ အုပ်စုအေမှာ Armory Gaming, OGN Entus Ace, Faze Clan, Red Canids Kalunga, G2 Esports, Rascal Jester, Gen.G, SK Telecom T1, Ghost Gaming, Team Envy, Global Esports Xsset, Tempo Storm, Infantry Clan, VC Gaming, Natus Vincere, Vendetta တို့ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အုပ်စုဘီမှာတော့ AHQ Esports Club, OGN Entus Force, Afreeca Freecs Fatal, QM Gaming, Athletico, Sting Divine Esport, CrowCrowd, Sunsister, Detonator, TSM, Four Angry Men, Team Liquid, Genesis, The Rumblers, Lazarus, WClick စတဲ့အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ အုပ်စုဇယားအရ အုပ်စုအေမှာတော့ တကယ်ကို ကြည့်ကောင်းတဲ့ ပွဲစဉ်များကို မြင်တွေ့ရဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အုပ်စုအေမှာ National PUBG League, European PUBG League တို့မှာ ထိပ်သီးစာရင်းဝင် အသင်းတွေဖြစ်တဲ့ Tempo Storm, Faze Clan တို့ပါဝင်နေတဲ့အပြင် အထင်ကရ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေဖြစ်တဲ့ G2 Esports, Gen.G, Natus Vincere တို့ပါဝင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

အုပ်စုဘီမှာ PUBG Korea League ချန်ပီယံ OGN Entus Force နဲ့အတူ သမုဒ္ဒရာတွင်း ‌ဒေသမှ အသင်းကြီးတွေ ပါဝင်နေတဲ့အပြင် Team Liquid, Lazarus စတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် မထင်မှတ်ပဲ ကြည့်ကောင်းတဲ့ ပွဲစဉ်တွေကို ကြည့်ရှုခံစားရခွင့် ရရှိနိုင်ဖွယ် ရှိပါတယ်။

အုပ်စုနှစ်ခုလုံးမှ ထိပ်ဆုံး (၈) သင်းအနေနဲ့ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် အုပ်စုနှစ်ခုလုံးမှ အောက်ဆုံး (၈) သင်းကတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ရှုံးထွက်ပွဲစဉ်များကို ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

PUBG Global Championship 2019 ရဲ့ ပွဲစဉ်အချိန်ဇယားနဲ့အတူ PGC 2019 Clothing Set, Combat Set, M416 Weapon Skin, Daci Skin, Victory Dance Emote တို့ပါဝင်တဲ့ PCG 2019 ကိုရောင်းချသွားမှာဖြစ်တဲ့ အကြောင်းကို PUBG Corporation အနေနဲ့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

PGC 2019 ဆိုတာတေ့ Valve ကနေ ကြီးမှူးကျင်းပတဲ့ The International ပြိုင်ပွဲတွေမှာ ရောင်းချလေ့ရှိတဲ့ Battle Pass နဲ့သဘောတရားမျိုး တူညီမှာ ဖြစ်ပြီး PCG 2019 မှရောင်းရငွေရဲ့ အချို့တစ်ဝက်ကို PUBG Global Championship 2019 ရဲ့ ဆုကြေးငွေအဖြစ် ပေါင်းထည့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: DotEsports