အသင်းရဲ့ Carry ကစားသမားကို ထုတ်ပယ်ပစ်လိုက်တဲ့ TI 8 1st Runner Up Dota 2 အသင်း PSG.LGD

အသင်းရဲ့ Carry ကစားသမားကို ထုတ်ပယ်ပစ်လိုက်တဲ့ TI 8 1st Runner Up Dota 2 အသင်း PSG.LGD

တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း PSG.LGD အနေနဲ့ 2017-2018 DPC ရာသီ၊ 2018-2019 DPC ရာသီ နှစ်ခုလုံးမှာ ဆုဖလားပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို The International 2018 မှာ ဒုတိယ၊ The International 2019 မှာ တတိယစတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ DPC ရာသီ နှစ်ခုလုံးမှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပေမယ့်လည်း 2019-2020 DPC ရာသီမှာတော့ Major/ Minor လက်ရည်စစ်ပွဲကို အောင်မြင်ခြင်း မရှိတဲ့အထိ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

PSG.LGD TI 8 Roster

ဒါကြောင့်လည်း အသင်းရဲ့ အဓိက Carry ကစားသမား နေရာကို အပြောင်းလဲတွေ ပြုလုပ်ဖို့ အတွက် PSG.LGD အသင်း အနေနဲ့ ကြံစည်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် PSG.LGD အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များ အရ Ame ကို CDEC Dota 2 အသင်းရဲ့ Carry ကစားသမား Ahjit နဲ့ အလဲအလှယ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ahjit အနေနဲ့ CDEC Dota 2 အသင်းကို The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် ကာလမှာ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း CDEC Dota 2 အသင်းနဲ့ အသားကျခြင်း မရှိသေးတာကြောင့် ယခု အပြောင်းအရွေ့က နှစ်သင်းစလုံး အတွက် အကျိုးအမြတ် ဖြစ်စေမယ့် အပြောင်းအရွေ့ တစ်ခု ဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်။

Ame

ဒါ့အပြင် Ahjit အနေနဲ့ PSG.LGD Dota 2 အသင်းရဲ့ Pos 5 ကစားသမား xNova နဲ့ အတူ ရှေးယခင် အချိန်တုန်းက အရှေ့တောင်အာရှရဲ့ အင်အားကြီး Dota 2 အသင်း WG.Unity မှာ အတူတကွ တွဲဖက် ကစားခဲ့ဖူးတာကြောင့် နှစ်ဦးသာ ပြန်လည် ပေါင်းစည်းပြီး လက်စွမ်းကောင်းတွေ အတူတကွ ပြန်လည် ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ahjit

PSG.LGD Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lai “Ahjit” Jay Son – Pos 1
  • Lu “Maybe” Yao – Pos 2
  • Yang “Chalice” Sheny – Pos 3
  • Xu “Fy” Linsen – Pos 4
  • Jian Wei “xNova” Yap – Pos 5

CDEC Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Wang “Ame” Chunyu – Pos 1
  • Guo “Xm” Hongcheng – Pos 2
  • Shen “123” Chao – Pos 3
  • Zhou “James” Yifu – Pos 4
  • Chen “Victoria” Guanhong – Pos 5

REF: VpEsports