WESG 2019 Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းများ

WESG 2019 Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းများ

(၂) နှစ်ဆက်တိုက် The International ပြိုင်ပွဲကြီးရဲ့ ထိပ်သီးနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း PSG.LGD အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သလို ဒုတိယမြောက် Major/ Minor ပြိုင်ပွဲမှာလည်း လက်ရည်စစ်ပွဲမှာတင် ကျရှုံးခဲ့ရတဲ့အထိ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

PSG.LGD

ဒါကြောင့် တတိယအကြိမ်မြောက် Major/ Minor ပြိုင်ပွဲတွေ မစတင်ခင် အချိန်မှာ Non-DPC Event တစ်ခုလည်းဖြစ်၊ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမယ့် Dota 2 ပြိုင်ပွဲကြီးလည်းဖြစ်တဲ့ WESG 2019 Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် တရုတ်နိုင်ငံတွင်း လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

WESG 2019 China လက်ရည်စစ်ပွဲမှာ နာမည်ကျော် Dota 2 အသင်းကြီးတွေဖြစ်တဲ့ CDEC, Keen Gaming, Newbee, Revive, IG, Team Aster, Ehome စတဲ့ Dota 2 အသင်းတွေ ပါဝင်ခဲ့သလို စုစုပေါင်း Dota 2 အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဆိုပါ အသင်း (၁၂) သင်းထဲကနေ (၂) သင်းကသာ တရုတ်နိုင်ငံကိုယ်စားပြု Dota 2 အသင်းများ အဖြစ် WESG 2019 Finals ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

WESG 2019 China လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အသင်း (၁၂) သင်းကို (၆) သင်း တစ်အုပ်စုစီ ခွဲခြား ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး အုပ်စုအေမှ PSG.LGD အနေနဲ့ အုပ်စုအဆင့်မှာ ပွဲစဉ် တစ်ပွဲတောင် ရှုံးနိမ့်ခဲ့ခြင်း မရှိပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Playoffs အဆင့်မှာလည်း Keen Gaming ကို (၂-၁) ၊ Ehome.Immortal ကို (၂-၀) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သလို WESG 2019 Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကိုလည်း ရယူနိုင်ခဲ့ပါတယ်။

PSG.LGD နဲ့အတူ WESG 2019 Finals မှာ တရုတ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ နောက်ထပ် အသင်း တစ်သင်းကတော့ 2019-2020 DPC ရာသီရဲ့  ပထမဆုံး Minor ပြိုင်ပွဲ Dota Summit 11 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Invictus Gaming ပဲ ဖြစ်ပါတယ်။ Invictus Gaming အနေနဲ့ PSG.LGD နည်းတူ အုပ်စုအေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အုပ်စုတွင်း ပြိုင်ပွဲတွေမှာ ၂ ပွဲရှုံး ၃ ပိုင်နိုင် ရလဒ်ကိုသာ ရယူနိုင်ခဲ့တာကြောင့် Play Off အဆင့်မှာ Lower Bracket ကနေ စတင် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Lower Bracket အဆင့်မှာ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ထားတဲ့ Ehome ကို (၁-၀) ၊ Keen Gaming ကို (၂-၀) ၊ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Team Aster ကို (၂-၀) ၊ Ehome.Immortal ကို (၂-၀) စတဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်မှာ အုပ်စုတွင်း ပြိုင်ဘက် PSG.LGD နဲ့ ပြန်လည် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့သလို WESG 2019 Finals မှာ နိုင်ငံ့ကိုယ်စားပြု အသင်းအဖြစ် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်။

Invictus Gaming

WESG 2019 China Finals ဗိုလ်လုပွဲကို Best of 3 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Invictus Gaming အနေနဲ့ PSG.LGD အသင်းကို (၂) ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး အမေရိကန်ဒေါ်လာ (၁၄၀၀၀) ကျော်ကို ရရှိခဲ့ပါတယ်။ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ PSG.LGD ကတော့ အမေရိကန်ဒေါ်လာ (၂၈၀၀၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

WESG 2019 Finals ပြိုင်ပွဲကြီးကို လက်ရှိအချိန်မှာ ကျင်းပသွားမယ့် နေ့ရက်ကို အတိအကျ မသိရှိသေးပေမယ့် ဒေသတွင်း လက်ရည်စစ်ပွဲ အများစုလည်း မကြာခင် အချိန်အတွင်းမှာ အဆုံးသတ်တော့မှာ ဖြစ်တာကြောင့် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေ ပြီးဆုံးသွားပြီး ၂၀၂၀ ခုနှစ် အစောပိုင်း ကာလမှာ ကျင်းပသွားဖွယ် ရှိပါတယ်။

Invictus Gaming

အဆိုပါ ပြိုင်ပွဲကြီးမှာ အရင်နှစ်က အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံ ကိုယ်စားပြု TNC Predator အနေနဲ့ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် TNC အနေနဲ့ ချန်ပီယံဆုကို ကာကွယ်သွားနိုင်မလား ဒါမှမဟုတ် ချန်ပီယံအသစ်တွေ ထပ်မံ ပေါ်ထွက်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports