2020 LoL ရာသီမှာ LGD အသင်း ကိုယ်စားပြု ကစားသွားမှာဖြစ်တဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား Peanut

2020 LoL ရာသီမှာ LGD အသင်း ကိုယ်စားပြု ကစားသွားမှာဖြစ်တဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား Peanut

တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ LGD အနေနဲ့ Gen.G အသင်းရဲ့ Jugnel ကစားသမားဟောင်း Han “Peanut” Wang Ho ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Peanut ဆိုတာကတော့ League of Legends Champions Korea (LCK) ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အကောင်းဆုံး Jungle ကစားတွေ အထဲမှာ တစ်ဦး အပါအဝင် ဖြစ်တဲ့အပြင် LoL Worlds Championship 2017 ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်ကို SK Telecom T1 အသင်းနဲ့အတူ တက်ရောက်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားကောင်းတွေ လိုအပ်နေတဲ့ LGD LoL အသင်းအတွက် Peanut ကို ခေါ်ယူလိုက်ခြင်းက တကယ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။

LGD အသင်းရဲ့ အဓိက Jungle ကစားသမားဖြစ်တဲ့ Xiang “Condi” Ren တစ်ယောက် လုပ်ပွဲ ကစားမှုဖြင့် ပြိုင်ပွဲစုံ ဝင်ရောက် ယှဉ်ပြိုင်ခွင့် (၁၈) လခန့် ပိတ်သိမ်းခံခဲ့ရတာကြောင့် Codi နေရာ အစားနိုင်ဖို့ Jungle ကစားသမားကို LGD အသင်း အနေနဲ့ အသည်းအသန် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

Condi

Cody နေရာကို အစားထိုးနိုင်ဖို့ အတွက် LGD အသင်း အနေနဲ့ Kui, BadeMan, Eimy စတဲ့ Jungle ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် အသင်းနဲ့ အံဝင်ခြင်း မရှိတာကြောင့် LCK ပြိုင်ပွဲကြီးရဲ့ နာမည်ကျော် Jungle ကစားသမား Peanut ကို ထပ်မံ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Peanut အနေနဲ့ Gen.G အသင်းနဲ့ အတူ 2019 LoL ရာသီမှာ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ပုံပါပဲ။ ဒါပေမယ့် Peanut အနေနဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စတင် ခံယူခဲ့စဉ် အချိန်ကတည်းက တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးခြင်း မရှိတဲ့အပြင် League of Legends Pro League (LPL) ပြိုင်ပွဲတွေမှာ ကစားဖူးတဲ့ အတွေ့အကြုံလည်း မရှိသေးပါဘူး။

LGD အသင်း အနေနဲ့လည်း 2019 LoL ရာသီမှာ အဆိုးဝါးဆုံး ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အပြင် LPL ပြိုင်ပွဲဝင် အသင်းတွေ အထဲမှာ အနိမ့်ကျဆုံး (၃) သင်း စာရင်းဝင်တဲ့ အထိ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် နာမည်ကျော် ကစားသမား Peanut ကို ခေါ်ယူလိုက်ခြင်းဖြင့် အသင်းနဲ့ ဝေးကွာနေတဲ့ အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်နိုင်မလား ဒါမှမဟုတ် Peanut တစ်ယောက် LPL ပြိုင်ပွဲတွေမှာ အသားမကျမှုတွေနဲ့ ရင်ဆိုင်ရပြီး ကျရှုံးမှုတွေကိုပဲ ဆက်လက် ရင်ဆိုင်ရမလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports