ကစားသမား အသစ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ ပရိုဖက်ရှင်နယ် PUBG Mobile အသင်း Omen Elite

ကစားသမား အသစ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ ပရိုဖက်ရှင်နယ် PUBG Mobile အသင်း Omen Elite

မြောက်အမေရိက အခြေစိုက် Mobile Esports အဖွဲ့အစည်း Omen Elite အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် PUBG Mobile အသင်းရဲ့ ကစားသမားတွေကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Omen Elite PUBG Mobile အသင်းမှာ ကစားသမား‌ဟောင်းတွေ ဖြစ်ကြတဲ့ Kevin “ZOOTAY” Huang, Karim “Karnage” Edward, Dayvon “WIFI” George တို့ ပြန်လည် ပါဝင်လာခဲ့သလို Tempo Storm PUBG Mobile အသင်းရဲ့ နာမည်ကျော် ကစားသမားဖြစ်သူ Nicholas “NIKO” Soldatos, Ninth Circle PUBG Mobile အသင်းရဲ့ ကစားသမားဖြစ်သူ “Telli” တို့လည်း ပါဝင်လို့ လာခဲ့ပါတယ်။

NIKO အနေနဲ့ Tempo Storm PUBG Mobile အသင်းနဲ့အတူ PMCO Fall Split North America Finals 2019 ပြိုင်ပွဲမှာ ဒုတိယဆုကို ရရှိခဲ့သလို PMCO Global Finals 2019 Prelims အဆင့်မှာလည်း စတုတ္ထဆုကို ရရှိခဲ့ပါတယ်။ အခုလို Omen Elite အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး Niko ကတော့ အထူးပဲ စိတ်လှုပ်ရှားမိကြောင်း၊ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

Telli ကတော့ ပရိုဖက်ရှင်နယ် PUBG Mobile ‌လောကမှာ လူသိနည်းသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ 2019 PUBG Mobile ရာသီမှာ Ninth Circle PUBG Mobile အသင်းမှာ ဝင်ရောက် ကစားခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် အခုလို Omen Elite PUBG Mobile အသင်းမှာ ဝင်ရောက် ကစားဖို့ အတွက် တော်ကောက်ခြင်းကို ခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။

Omen Elite အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Telli အနေနဲ့ အသင်းအတွက် တစ်ရာ ရာခိုင်နှုန်း အပြည့် ပေးဆပ်သွားမှာဖြစ်ကြောင်း၊ အသင်းသစ်မှာ သွားရောက် ကစားဖို့ အတွက် အထူးပင် စိတ်လှုပ်ရှားမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

Omen Elite PUBG Mobile အသင်း အနေနဲ့ 2019PUBG Mobile ရာသီရဲ့ ပြိုင်ပွဲကြီးတွေဖြစ်တဲ့ PMCO Fall Split North America Finals 2019 ပြိုင်ပွဲမှာ တတိယ၊ ESL Mobile Open Season 3 ပြိုင်ပွဲမှာ ဒုတိယစတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တာကြောင့် အခုလို ကစားသမား အသစ်နှစ်ဦးကို ထပ်မံ ခေါ်ယူလိုက်ခြင်းက အသင်းအတွက် အထောက်အကူ ဖြစ်စေမလား ဆိုတာကို‌တော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports