North CSGO အသင်းမှာ ပြန်လည် မြင်တွေ့ရတော့မယ် MSL

North CSGO အသင်းမှာ ပြန်လည် မြင်တွေ့ရတော့မယ် MSL

ဒိန်းမတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း North အနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က အသင်းရဲ့ Jersey အသစ်ကို မိတ်ဆက်ခြင်းနဲ့အတူ North CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားသစ် တစ်ဦးကိုလည်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ North CSGO အသင်းမှာ အသစ် ဝင်ရောက် ကစားသွားမယ့် ကစားသမားကတော့ MSL ပဲ ဖြစ်ပါတယ်။

MSL

MSL အနေနဲ့ North CSGO အသင်းမှာ Jakob “JUGi” Hensen ရဲ့ နေရာမှာ အစာထိုး ဝင်ရောက် ကစားသွားမှာဖြစ်ပြီး AWPER, In-Game Leader အဖြစ် တာဝန်ယူ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ MSL အနေနဲ့ Optic Gaming လက်အောက်ခံ CSGO အသင်း ဖျက်သိမ်းသွားခဲ့တဲ့ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းကတည်းက အသင်းလက်မဲ့ အဖြစ် တည်ရှိနေခဲ့တာဖြစ်ပြီး ယခုအချိန်မှသာ ပရိုဖက်ရှင်နယ် CSGO လောကကို ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

North Esports အဖွဲ့အစည်း အနေနဲ့ အခုလို အဖွဲ့အစည်း လက်အောက်ခံ ကစားသမား တစ်ဦးဖြစ်သူ Jakob “JUGi” Hensen ကို CSGO အသင်းကနေ အနားပေးပြီး MSL ကို ခေါ်ယူခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“Jakob အနေနဲ့ အသင်းအတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းနိုင်ခဲ့ပေမယ့်လည်း North CSGO အသင်းအတွက် လိုအပ်တဲ့ ဦးစီးဦးဆောင်မှုတွေကို ပေးစွမ်းနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလို အသင်းကနေ အနားပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာပဲ ဖြစ်ပါတယ်။ MSL အနေနဲ့ ယခင် အချိန်တွေတုန်းက North CSGO အသင်းကို CSGO လောကမှာ ထိပ်သီး အသင်းတစ်သင်း အဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် ယခုအချိန်မှာလည်း အောင်မြင်မှုတွေကို ဆောင်ကြဥ်းပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

Jugi

MSL အနေနဲ့ North CSGO အသင်းမှာ ၂၀၁၇ ခုနှစ် ၁ လပိုင်းကနေ ၂၀၁၈ ခုနှစ် ၉ လပိုင်းအထိ ဝင်ရောက် ကစားခဲ့ပြီး အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တာကြောင့် North CSGO အသင်းကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာတဲ့ အခါမှာလည်း အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

MSL

North CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Philip “Aizy” Aistrup
  • Markus “Kjaerbye” Kjaerbye
  • Nicklas “Gade” Gade
  • Rene “Cajunb” Borg
  • Mathias “MSL” Lauridsen
  • Torbjorn “mithR” Nyborg (Coach)

REF: VpEsports