၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး DPC ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Nigma

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး DPC ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Nigma

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး DPC ပြိုင်ပွဲလည်းဖြစ်၊ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲလည်းဖြစ်တဲ့ WePlay! Bukovel Minor ကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံ၊ Bukovel မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ Bukovel Minor မှာ အနိုင်ရရှိတဲ့ အသင်းအနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တာနဲ့အညီ ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အုပ်စု အဆင့် ပွဲစဥ်တွေက စတင်ကာ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပါတယ်။

Bukovel Minor မှာ ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုအေမှာ Royal Never Give Up, Geek Fam, Team Spirit, Ninja in Pyjamas ၊ အုပ်စုဘီမှာ Gambit Esports, Nigma, Fighting Pandas, Furia Esports စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

TI ချန်ပီယံ ကစားသမား လေးဦး ပါဝင်တဲ့ Nigma အနေနဲ့ Bukovel Minor မှာ အနိုင်ရ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့်လည်း အုပ်စုအဖွင့် ပွဲစဉ်မှာတင် Eternal Envy, Bryle, Aui2000 စတဲ့ ကစားသမားတွေ ပါဝင်တဲ့ Fighting Pandas ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Elimination Match ပွဲစဉ်မှာ Furia Esports ကို ၂ ပွဲပြတ်ဖြင့် အနိုင်ရခဲ့သလို Decider Match ပွဲစဉ်မှာ Fighting Pandas Dota 2 အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးကြွေးဆပ်နိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာဖြင့် Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Fighting Pandas

Playoff အဆင့် ပထမဆုံး ပွဲစဉ်မှာ အုပ်စုအေရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် Royal Never Give Up Dota 2 အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ RNG Dota 2 အသင်းအနေနဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့သလို Nigma နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

RNG Dota 2 အသင်းကို ရှုံးနိမ့်ခဲ့တဲ့ Team Nigma ကတော့ Lower Bracket ကို သက်ဆင်းခဲ့ရပြီး Lower Bracket အဆင့် ပထမ ပွဲစဉ်မှာ Gambit Esports ကို (၂-၁) ၊ ဒုတိယ ပွဲစဉ်မှာ Geek Fam Dota 2 အသင်းကို (၂-၀) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်မှာ စောင့်ဆိုင်းနေတဲ့ RNG Dota 2 အသင်းနဲ့ ပြန်လည် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

Grand Final ပြိုင်ပွဲကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမပွဲစဉ်မှာတော့ RNG Dota 2 အသင်း အနေနဲ့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ကာ ၃၈ မိနစ်ခန့်မှာ Nigma Dota 2 အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယမြောက် ပွဲစဉ်မှာလည်း RNG အနေနဲ့ ပွဲချိန် အစပိုင်းမှာ Nigma Dota 2 အသင်းကို အသာစီး ရယူနိုင်ခဲ့သလို Net Worth 24K အသာဖြင့် ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့အမျှ အမှားအယွင်းတွေ ဆက်တိုက် ဆိုသလို ပြုလုပ်မိခဲ့တာကြောင့် ပွဲချိန် မိနစ် ၈၀ ခန့်မှာ Nigma Dota 2 အသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။

တတိယမြောက် ပွဲစဉ်မှာလည်း Nigma Dota 2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Miracle ရဲ့ လက်စွမ်းပြမှုနဲ့အတူ ပွဲချိန် ၂၃ မိနစ်ခန့်မှာ RNG Dota 2 အသင်း အနေနဲ့ ထပ်မံ အရှုံးပေးခဲ့ရပါတယ်။ စတုတ္ထမြောက် ပွဲစဉ်မှာလည်း RNG အနေနဲ့ Net Worth 40K အသာဖြင့် ကစားနိုင်ခဲ့ပေမယ့် Nigma Dota 2 အဖွဲ့သားများရဲ့ အကောင်းဆုံး လက်စွမ်းပြမှုများကို အချိန် ကြာလာတာနဲ့အမျှ တောင့်ထားနိုင်စွမ်း မရှိတော့တာကြောင့် ပွဲချိန် ၆၄ မိနစ်မှာ Nigma Dota 2 အသင်းကို ထပ်မံ အရှုံးပေးခဲ့ရပါတယ်။

Kuroky ဦးဆောင်တဲ့ Nigma Dota 2 အဖွဲ့သားတွေ အနေနဲ့ WePlay! Bukovel Minor မှာ အနိုင်ရခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ ၇၂၀၀၀၊ DPC Points ၁၄၀ တို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ဖြစ်တဲ့ DreamLeague Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports