TI 6 ချန်ပီယံ အသင်းသား နှစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ Dota 2 အသင်းသစ် You Know Who

TI 6 ချန်ပီယံ အသင်းသား နှစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ Dota 2 အသင်းသစ် You Know Who

You Know Who ဆိုတာကတော့ တရုတ်နိုင်ငံ အခြေစိုက် Dota 2 အသင်းသစ် တစ်ခုဖြစ်ပြီး 2019-2020 ရာသီမှ ပရိုဖက်ရှင်နယ် Dota 2 လောကထဲကို ဝင်ရောက်လာတဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။ You Know Who Dota 2 အသင်းကို League of Legends ပရိုဖက်ရှင်နယ် ကစားသမားဟောင်း Wh1t3zZ က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Wh1t3zZ ဆိုတာကတော့ တရုတ်နိုင်ငံ Esports လောကမှာ လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပြီး ပရိုဖက်ရှင်နယ် Leauge of Legends အသင်း တစ်သင်းကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ You Know Who Dota 2 အသင်းကို လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားပေမယ့် TI 6 ချန်ပီယံ ကစားသမား နှစ်ဦးနဲ့ အားအင် ဖြည့်တင်းထားပါတယ်။

You Know Who Dota 2 အသင်းမှာ TI 6 ချန်ပီယံ အသင်းရဲ့ Pos 4 ကစားသမား Ice Ice အနေနဲ့ ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမှာ ဖြစ်ပြီး Mid Lane ကစားသမား Blink ကတော့ နည်းပြအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

You Know Who Dota 2 အသင်းရဲ့ အဖွဲ့ဝင်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Neo (Aoko) – Pos 1
  • Zyd – Pos 2
  • X1aOyu – Pos 3
  • Ice Ice – Pos 4
  • Hope – Pos 5

Pos 1 ကစားသမား Neo နဲ့ Pos 5 ကစားသမား Hope တို့ကတော့ ပရိုဖက်ရှင်နယ် Dota 2 လောကကို ယခုမှ ဝင်ရောက်လာတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ Pos 2 ကစားသမား Zyd ဆိုတာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Zyd အနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် Team Serenity နဲ့အတူ The International 2018 မှာ ပါဝင် ကစားခဲ့ပြီး Aggressive ဆန်ဆန် ကစားရတာကို နှစ်သက်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

X1aOyu ဆိုတာကလည်း Vici Gaming Potential Dota 2 အသင်းမှာ ကစားခဲ့တဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ကျင်းပသွားခဲ့တဲ့ ESL One Hamburg 2019 ပြိုင်ပွဲမှာ Vici Gaming ရဲ့ Offlane ကစားသမား Yang နေရာမှာ ဝင်ရောက် ကစားသွားခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ အောင်မြင်မှုပေါင်းများစွာ ရရှိထားတဲ့ Vici Gaming အသင်းကတောင် ယုံယုံကြည်ကြည်နဲ့ အစားထိုး ကစားသမား အဖြစ် ခေါ်ယူခဲ့ရတဲ့ X1aOyu ရဲ့ လက်စွမ်းလက်နဟာ ဆိုရင်လည်း အထင်သေးလို့ မရတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့ပါတယ်။

ဒါ့အပြင် You Know Who Dota 2 အသင်းရဲ့ နည်းပြကြီး Blink ဆိုတာကလည်း The International 2016 ပြိုင်ပွဲ တစ်လျှောက်လုံး မထင်မှတ်ထားလောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး Dota 2 ချစ်ပရိသတ်တွေရဲ့ သဘောကျ နှစ်သက်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် You Know Who Dota 2 အသင်းရဲ့ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းမှာ များစွာသော အထောက်အကူတွေကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

ဒါကြောင့် လူငယ်ကစားသမား အများစုကို TI ချန်ပီယံ ကစားသမား နှစ်ဦးနဲ့ ဝန်းရံထားတဲ့ You Know Who Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီမှာ ဘယ်လို စွမ်းဆောင်ရည်တွေကို ပြသသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: VpEsports