Na’Vi CSGO အသင်းကနေ ထုတ်ပယ်ခံသွားရဖွယ်ရှိတဲ့ နာမည်ကျော် CSGO ကစားသမား GuardiaN

Na’Vi CSGO အသင်းကနေ ထုတ်ပယ်ခံသွားရဖွယ်ရှိတဲ့ နာမည်ကျော် CSGO ကစားသမား GuardiaN

ယူကရိန်းနိုင်ငံ အခြေစိုက် နာမည်ကျော် CSGO အသင်းတစ်သင်းဖြစ်တဲ့ Natus Vincere အနေနဲ့ အသင်းရဲ့ In-Game Leader ဖြစ်သူ Danylo “Zeus” Teslenko အနားယူသွားစဉ် အချိန်ကတည်းက အောင်မြင်မှုတွေနဲ့ ဝေးကွာ‌နေခဲ့တာ အခုဆိုရင် အချိန်အတော် ကြာမြင့်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

zeus

အနားယူသွားတဲ့ Zeus နေရာမှာ CSGO လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်၊ Na’Vi CSGO အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည်းဖြစ်တဲ့ Ladislav “GuardiaN” Kovacs ကို အစားထိုး ခေါ်ယူခဲ့‌ပေမယ့်လည်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တဲ့အပြင် အသင်းရဲ့ ကစားပုံလည်း သိသိသာသာ ဆိုးဝါးလို့ သွားခဲ့တာကြောင့် Na’Vi CSGO အသင်း အနေနဲ့ ပရိသတ်တွေရဲ့ အပြစ်တင် ဝေဖန်ခြင်းကို ခံယူခဲ့ရပါတယ်။

Guardian

လက်ရှိအချိန်မှာ Na’Vi CSGO အသင်း အနေနဲ့ အောင်မြင်မှုတွနဲ့ ဝေးကွာနေခဲ့တာ လေးလခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်တာကြောင့် AWP ကစားသမား Guardian ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Na’Vi CSGO အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ Guardian တစ်ယောက် ပါဝင်ခြင်း မရှိတော့တဲ့အပြင် Na’Vi Junior အသင်းမှ ကစားသမား တစ်ဦးဖြစ်သူ Rodion “Fear” Smyk အနေနဲ့ Na’Vi CSGO အသင်းကြီးနဲ့ အတူ ဝင်ရောက် လေ့ကျင့်လျက် ရှိတာကြောင့် Na’Vi CSGO အသင်း အနေနဲ့ Guardian ကို အသင်းကနေ ထုတ်ပယ်သွားဖို့ အတွက် သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Guardian

Na’Vi CSGO အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အသင်းရဲ့ Rifler ဖြစ်သူ Aleksandr “s1mple” Kostyliev အနေနဲ့ AWPER အဖြစ် ပြောင်းလဲလေ့ကျင့်လျက် ရှိတာကြောင့် Guardian ကို ထုတ်ပယ်ပြီးသွားတဲ့ အခါမှာ လစ်လပ်သွားတဲ့ AWPER နေရာအတွက် ယခင်အချိန်တုန်းက Na’VI CSGO အသင်းရဲ့ AWPER တာဝန်ကို ထမ်းဆောင်ခဲ့ဖူးတဲ့ s1mple ကို ပြန်လည် ခန့်အပ်သွားဖွယ် ရှိပါတယ်။

simple

ဒါ့အပြင် Na’VI CSGO အသင်း အနေနဲ့ လက်ရှိအချိန်မှာ Rifler တစ်ဦးကို အပူတပြင်း ရှာဖွေလျက် ရှိတာကြောင့် မကြာခင် အချိန်အတွင်းမှာ Guardian တစ်ယောက် Na’Vi CSGO အသင်းကနေ ထွက်ခွာသွားရဖွယ်ရှိပြီး လစ်လပ်သွားတဲ့ Guardian နေရာအတွက် ဘယ်သူ့ကို အစားထိုး ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports