Twitch Channel ကနေ ဘန်းခံလိုက်ရတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

Twitch Channel ကနေ ဘန်းခံလိုက်ရတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

ဒီဇင်ဘာ အားလပ်ရက် ကာလတွေကို ပရိသတ်တွေနဲ့အတူ ကုန်ဆုံးနိုင်ရန် ရည်ရွယ်ထားတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail ကတော့ Live Stream ပြုလုပ်နေစဉ် အချိန်မှာ မပြောသင့်တဲ့ စကားတစ်ခွန်းကို ပြောလိုက်မိတာကြောင့် Twitch Channel က‌နေ ဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။

Notail အနေနဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ခန့်က စတင်ကာ နာမည်ကျော် Dota 2 Streamer တွေဖြစ်တဲ့ SingSing, Gorgc တို့နဲ့အတူ တွဲဖက်ကစားကာ ကိုယ်ပိုင် Twitch Channel ကနေ တစ်ဆင့် Streaming ပြုလုပ်ခဲ့ပါတယ်။ စတင် ကစားစဉ် အချိန်က စတင်ပြီး Notail တစ်ယောက် ပေါက်ကရ စကားလုံးတွေ၊ ညစ်ညမ်း စကားလုံးတွေကို ပြောလွန်းတာကြောင့် SingSing အနေနဲ့ အချို့သော စကားလုံးတွေကို Twitch Platform အပေါ်မှာ ပြောဆိုခြင်းကို တားမြစ်ထားကြောင်း Notail ကို သတိပေးခဲ့ရပါတယ်။

ဒါပေမယ့်လည်း SingSing သတိပေးပြီး တစ်ရက်ခန့် အကြာမှာပဲ Notail အနေနဲ့ Streaming ပြုလုပ်နေစဉ် အချိန်အတွင်း မပြောသင့်တဲ့ စကားတစ်ခွန်းကို ပြောလိုက်မိတာကြောင့် Twitch Channel ကနေ ဘန်းခံလိုက်ရပါတယ်။

Notail အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ သူကျွမ်းကျင်တဲ့ Hero ကိုသာ ကိုင်ခွင့်ရခဲ့မယ်ဆိုရင် ရှုံးနိမ့်စရာ အကြောင်းမရှိကြောင်း ငြီးတွားရာမှာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစကား တစ်ခွန်းကို ပြောလိုက်မိတာကြောင့် အခုလို Twitch Channel ကနေ ဘန်းခံလိုက်ရတာ ဖြစ်ပါတယ်။

SingSing တစ်ယောက် အတန်တန် သတိပေးတဲ့ကြားက Notail အနေနဲ့ ပေါက်တတ်ကရ ပြောတာတွေကို ထိန်းနိုင်ခြင်း မရှိခဲ့တာကြောင့် ဒီဇင်ဘာ အားလပ်ရပ်တွေကို ပရိသတ်တွေနဲ့ အတူတကွ ကုန်ဆုံးခွင့် ရရှိမယ့် အခွင့်အရေးလေး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Twitch အနေနဲ့ Notail ကို ဘယ်အချိန်မှ Unban ပြုလုပ်ပေးသွားမယ် ဆိုတာကို သိရှိရခြင်း မရှိတာကြောင့် OG ပရိသတ်တွေ၊ Bigdaddy Notail ရဲ့ ပရိသတ်တွေ အနေနဲ့ OG Dota 2 အသင်းရဲ့ ကစားဟန်တွေကို တတိယအကြိမ်မြောက် Major/ Minor လက်ရည်စစ်ပွဲတွေ ကျင်းပသွားမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှသာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

REF: VpEsports