2019 Philippines Sea Games မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတွက် ထွက်ခွာ သွားကြပြီဖြစ်တဲ့ Esports အသင်းများ

2019 Philippines Sea Games မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတွက် ထွက်ခွာ သွားကြပြီဖြစ်တဲ့ Esports အသင်းများ

အကြိမ် (၃၀) မြောက် Sea Games ပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၃၀) ရက်နေ့က စတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့ အထိ လက်ခံ ကျင်းပလျက် ရှိပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲဟာဆိုရင် ပထမဆုံး အကြိမ် Esports ပြိုင်ပွဲတွေ ပါဝင်လာတဲ့ Sea Games ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲမှာ Dota 2, Starcraft 2, Tekken 7, Arena of Valor, Mobile Legends: Bang Bang စတဲ့ Esports ဂိမ်းအမျိုးအစားတွေ အတွက် ဆုတံဆိပ်တွေကို ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် (၂၀၁၉) Sea Games Esports ပြိုင်ပွဲတွေကို  ဒီဇင်ဘာလ (၅) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၊ Filoil Flying V Centre မှာ ကျင်းပသွားမှာ ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းတွေ အနေနဲ့ ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ယနေ့ (ဒီဇင်ဘာလ ၂ ရက်) နံနက် အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသို့ စတင် ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲကြီးရဲ့ Esports အခန်းကဏ္ဍမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သွားမယ့် Esports အသင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

Team Myanmar (Dota 2)

  • Leo
  • Insane
  • showT
  • Rap Rap
  • Kenji
Team Myanmar (Dota 2)

Team Myanmar (Burmese Ghouls, AOV)

  • Izy
  • Jeremy
  • Reflect
  • ZayCruize
  • Xhero
  • Sora
Burmese Ghouls (AOV)

Team Cyanide (Mobile Legends: Bang Bang)

  • Dee
  • Leo
  • Blank
  • Ardam
  • Yato
Team Cyanide (Mobile Legends: Bang Bang)

ဖိလစ်ပိုင် (၂၀၁၉) Sea Games Mobile Legends: Bang Bang ပြိုင်ပွဲများကို ဒီဇင်ဘာလ (၅) ရက်နေ့ကနေ ဒီဇင်ဘာလ (၈) ရက်၊ Dota 2 ပြိုင်ပွဲများကို ဒီဇင်ဘာလ (၇) ရက်နေ့ကနေ ဒီဇင်ဘာလ (၉) ရက်၊ Arena of Valor ပြိုင်ပွဲများကို ဒီဇင်ဘာလ (၇) ရက်နေ့ကနေ ဒီဇင်ဘာလ (၉) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းသားတွေ အနေနဲ့ ဆုတံဆိပ်တွေ စွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်စေဖို့ အတွက် ဒီနေရာကနေ တစ်ဆင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။