အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ Gambit Dota 2 အသင်းရဲ့ Mid Lane ကစားသမား GPK

အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ Gambit Dota 2 အသင်းရဲ့ Mid Lane ကစားသမား GPK

ပြီးခဲ့တဲ့ ရက်ပိုင်းက Virtus Pro Dota 2 အသင်း အနေနဲ့ Na’Vi Dota 2 အသင်းရဲ့ Support ကစားသမားဖြစ်သူ Zayac နဲ့ Gambit Dota 2 အသင်းရဲ့ Mid Lane ကစားသမား GPK ကိုလည်း တိုက်ရိုက် ဆက်သွယ် ကမ်းလှမ်းခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ Na’Vi Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Zayac တစ်ယောက် Virtus Pro Dota 2 အသင်းကို ရုတ်တရက် ပြောင်းရွေ့သွားခြင်းနဲ့ အတူ CIS Dota 2 လောက အကြားမှာ အရှုပ်အရှင်းတွေ ပေါ်ပေါက်လို့ လာခဲ့ပါတယ်။

GPK

Danil “GPK” Skutin အနေနဲ့ Gambit Esports Dota 2 အသင်းကို 2019-2020 DPC ရာသီ စတင်စဥ် အချိန်မှာ ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး Non DPC Event တွေဖြစ်တဲ့ ESL One Hamburg 2019 မှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့သလို ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲမှာလည်း တတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Non DPC Event တွေမှာ အထိုက်အသင့် အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ 13th – 16th အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို ဒုတိယမြောက် Minor ပြိုင်ပွဲမှာလည်း စတုတ္ထဆုဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ အခုလို DPC ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း အသင်းသားတွေကြား စိတ်ဝမ်းကွဲခြင်း မရှိခဲ့ဘဲ အောင်မြင်မှုတွေ စွတ်ခူးနိုင်အောင် ဆက်လက် ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Virtus Pro Dota 2 အသင်းက GPK ကို အသင်းမှာ လာရောက် ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ကြောင်း ကောလာဟလတွေ ထွက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ GPK တစ်ယောက် Gambit Esports Dota 2 အသင်းနဲ့ အတူတကွ လေ့ကျင့်ဖို့ အတွက် ပျက်ကွက်မှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Gambit Esportsဘက်ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Gambit Dota 2 အသင်းရဲ့ ကစားသမားတွေ အနေနဲ့ ESL One Los Angeles Major လက်ရည်စစ်ပွဲမှာ ယှဥ်ပြိုင်နိုင်ရန် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ အဆိုပါ လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ရန် အတွက် ကျန်ရှိနေတဲ့ ကစားသမားတွေဖြစ်တဲ့ Fng, Shachlo, Dream, XSVampire တို့ အနေနဲ့ အတူတကွ လေ့ကျင့်လျက် ရှိပေမယ့် GPK ကတော့ Bootcamp ကို လာရောက် လေ့ကျင့်ဖို့ အတွက် ငြင်းပယ်ခဲ့ပါတယ်။

GPK နဲ့ ကျွန်တော်တို့ Dota 2 အသင်း ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း အခုလို အသင်းအပေါ် မလေးမစား ပြုလုပ်ခဲ့တာကြောင့် အရံကစားသမား အဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ GPK ရဲ့ နေရာမှာတော့ ၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပသွားခဲ့တဲ့ StarLadder Imba TV Minor မှာ အသင်းအတွက် ဝင်ရောက် ကစားပေးခဲ့ဖူးတဲ့ ကစားသမားလည်းဖြစ်၊ CIS ဒေသရဲ့ နာမည်ကျော် ကစားသမား တစ်ယောက်လည်းဖြစ်တဲ့ Fn ကို ခေါ်ယူအားဖြည့်သွားမှာ ဖြစ်ပါတယ်။

အသင်းနဲ့ ပတ်သတ်ပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ရင်လည်း ထပ်မံ တင်ပြပေးသွားမှာ ဖြစ်တာကြောင့် မကြာခင် ကျင်းပသွားမယ့် Major လက်ရည်စစ်ပွဲမှာ Gambit Dota 2 အသင်းကို ဆက်လက် အားပေးသွားဖို့ အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်။”

Fn

Gambit Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Kiyalbek “Dream” Tayirov
  • Rostislav “Fn” Lozovoi
  • Maxim “Shachlo” Abramovskikh
  • Danial “XSvamp1Re” Alibaev
  • Artiom “Fng” Barshack

GPK အနေနဲ့ လက်ရှိအချိန်မှာ Gambit Dota 2 အသင်းရဲ့ အရံကစားသမား အဖြစ် ဆက်လက် တည်ရှိ‌နေသေးပေမယ့် Virtus Pro Dota 2 အသင်း အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲကို အစားထိုး ကစားသမားဖြစ်သူ Cooman နဲ့ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေငြာထားတာကြောင့် ESL One LA Major လက်ရည်စစ်ပွဲ ပြီးဆုံးသွားချိန်မှာ VP Dota 2 အသင်းနဲ့ သွားရောက် ပူးပေါင်းသွားဖွယ် ရှိပါတယ်။

REF: VpEsports