ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ စတင်ကျင်းပတော့မယ့် Mobile Legends: Bang Bang

ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ စတင်ကျင်းပတော့မယ့် Mobile Legends: Bang Bang

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Mobile Legends: Bang Bang အနေနဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ကျင်းပသွားမှာ ဖြစ်တဲ့အကြောင်းကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။ Mobile Legends: Bang Bang ကိုဖန်တီး ထုတ်လုပ်ခဲ့တဲ့ Shanghai Moonton Technology ရဲ့ Vice President တစ်ဦးဖြစ်သူ Cherry Xia အနေနဲ့ Mobile Legends: Bang Bang World Championship 2019 ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်မတို့ အနေနဲ့ Mobile Legends: Bang Bang ရဲ့ ပထဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ကျင်းပနိုင်တော့မှာ ဖြစ်တဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ယခုပြိုင်ပွဲကို ကျင်းပနိုင်ခဲ့တဲ့ အတွက် MLBB အပေါ်မှာ များစွာသော အကျိုးသက်ရောက်မှု ရရှိနိုင်ဖို့အတွက်လည်း မျှော်လင့်မိပါတယ်။”

Mobile Legends: Bang Bang World Championship 2019 ပြိုင်ပွဲကြီးကို Direct Invite အသင်း (၈) သင်း၊ ဒေသတွင်း လက်ရည်စစ်ပွဲတွေမှ တက်ရောက်လာတဲ့ အသင်း (၈) သင်း စုစုပေါင်း (၁၆) သင်းဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော် Axiata Arena မှာ နိုင်ဝင်ဘာလ (၁၁) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဉ်များကို တစ်အုပ်စုမှာ (၄) သင်းနှုန်းဖြင့် ပတ်လည်ယှဉ်ပြိုင် သွားရမှာဖြစ်ပြီး အုပ်စုတစ်စုမှ အမှတ်အများဆုံး ရရှိသူ အသင်း (၂) သင်းစီ Main Event ကိုတက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အုပ်စုပွဲစဉ်များကို နိုဝင်ဘာလ (၁၁) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Main Event ပွဲစဉ်များကိုတော့ နိုင်ဝင်ဘာလ (၁၅) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Mobile Legends: Bang Bang World Chamipionship 2019 ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၂၅၀၀၀၀) ခန့်ချီးမြှင့်သွားမှာဖြစ်ပြီး ပထမဆု ရရှိတဲ့ အသင်းကတော့ အမေရိကန်ဒေါ်လာ (၈၀၀၀၀) ခန့်ကို အနိုင်ရ သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

Moblie Legends: Bang Bang ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် အသင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Group (A)

  • Evos (Singapore)
  • RRQ (Indonesia)
  • Impunity (Cambodia)
  • VEC Fantasy Main (Vietnam)

Group (B)

  • Burmese Ghouls (Myanmar)
  • Axis Esports (Malaysia)
  • Candy Comeback (Laos)
  • Team Gosu (US)

Group (C)

  • Sunsparks (Philippines)
  • Todak (Malaysis)
  • Geo Esports (Brazil)
  • Evil Esports (Turkey)

Group (D)

  • Evos Legends (Indonesia)
  • Onic Esports (Philippines)
  • Deus Vult (Russia)
  • 10 Second Gaming Plus (Japan)

REF: OneEsports, BlueMoonGame, GameLoop