PUBG Mobile အသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း MITH

PUBG Mobile အသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း MITH

၂၀၂၀ ခုနှစ်မှာ PUBG Mobile ပြိုင်ပွဲများအတွက် ဒေါ်လာ (၅) သန်းခန့် အသုံးပြုသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်တာနဲ့အညီ နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ PUBG Mobile လောကထဲကို ဝင်ရောက်ဖို့ အတွက် ပြင်ဆင်နေကြပြီ ဖြစ်သလို Tempo Storm, Cloude 9, Fnatic စတဲ့ နာမည်ကျော် Esports အဖွဲ့အစည်းတွေ အနေနဲ့လည်း PUBG Mobile လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ကြပြီ ဖြစ်ပါတယ်။

Made in Thailand Esports အဖွဲ့အစည်း ဆိုတာကတော့ ထိုင်းနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ MiTH Esports အဖွဲ့အစည်း အနေနဲ့ ၂၀၁၂ ခုနှစ်မှာ MiTH Dota 2 အသင်းနဲ့အတူ Esports လောကထဲကို စတင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ PUBG PC, PUBG LITE, FIFA Online 4, CS: GO စတဲ့ အသင်းတွေနဲ့အတူ အရှေ့တောင်အာရှ Esports လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မကြာသေးမီ အချိန်က MiTH Esports အဖွဲ့အစည်း အနေနဲ့ ကိုယ်ပိုင် PUBG Mobile အသင်းကို တည်ထောင်သွားမှာဖြစ်တဲ့ အကြောင်းကို ကိုယ်ပိုင် Facebook စာမျက်နှာကနေ ကြေငြာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ အသစ် တည်ထောင်လိုက်တဲ့ MiTH PUBG Mobile အသင်းကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

MiTH PUBG Mobile အသင်းကို PUBG Mobile လောကရဲ့ နာမည်ရ ကစားသမားတွေဖြစ်တဲ့ MEGA. Conqueror PUBG Mobile အသင်းသားများနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ MEGA. Conqueror PUBG Mobile အသင်း ဆိုတာကတော့ အရှေ့တောင်အာရှ ဒေသတွင်း အကောင်းဆုံး PUBG Mobile အသင်းတွေ အထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ SEA Leauge, SEA Championship ပြိုင်ပွဲတွေမှာ MEGA. Conqueror အနေနဲ့ တတိယဆုတွေကို သိမ်းပိုက်နိုင်ခဲ့သလို PMCO Fall ပြိုင်ပွဲမှာလည်း တတိယဆုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် PEC ပြိုင်ပွဲမှာလည်း အဆင့် ၆ နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

MEGA. Conqueror PUBG Mobile အသင်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ပြိုင်ပွဲတွေကနေ တစ်ဆင့် ဒေါ်လာ ၁ သိန်းကျော် ရှာဖွေနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ အခြေစိုက် အကောင်းဆုံး PUBG Mobile အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တာကြောင့်လည်း MiTH Esports အဖွဲ့အစည်း အနေနဲ့ MEGA. Conqueror PUBG Mobile အသင်းသားတွေကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့တဲ့ MEGA. Conqueror အသင်းသားတွေ အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ အဖွဲ့အစည်းအသစ်ဖြစ်တဲ့ MiTH Esports မှာလည်း ယခင် အချိန်တွေတုန်းကလို အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

MiTH PUBG Mobile အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Rodfiat
  • Online24
  • Stoned
  • Pondz

REF: AfkGaming