2020 Overwatch League မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမား စာရင်းကို ဖော်ပြပေးလိုက်ပြီဖြစ်တဲ့ London Spitfire

2020 Overwatch League မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမား စာရင်းကို ဖော်ပြပေးလိုက်ပြီဖြစ်တဲ့ London Spitfire

London Spitfire ဆိုတာကတော့ Overwatch League မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် Cloud 9 Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Jack Etienne က ဖွဲ့စည်းထားတဲ့ ပရိုဖက်ရှင်နယ် Overwatch အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ London Spitfire Overwatch အသင်း အနေနဲ့ 2018 Overwatch League မှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် 2019 OWL ပြိုင်ပွဲတွေမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် London Spitfire Overwatch အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ယခင် ကစားသမားတွေ အထဲက Support ကစားသမား တစ်ဦးဖြစ်သူ Jung “Krillin” Yung Hoon ကိုသာ အသင်းမှာ ချန်ထားခဲ့ပြီး ကျန်ကစားသမား အားလုံးကို အသင်းကနေ အနားပေးခဲ့ပါတယ်။

ယခုအခါမှာတော့ 2020 Overwatch League မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ပြန်လည် အားအင် ဖြည့်တင်းထားတဲ့ ကစားသမား စာရင်းကို London Spitfire အသင်း အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

London Spitfire အသင်း အနေနဲ့ ကစားသမား (၆) ဦးအထိ ထပ်မံ ခေါ်ယူခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ ကစားသမား အသစ် ထပ်မံ‌ ခေါ်ယူမှုတွေ ရှိလာနိုင်သေးတယ်လို့ သိရပါတယ်။

London Spitfire အသင်းမှ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

JAMC

Choi “JMAC” Dae Han ဆိုတာကတော့ တရုတ်နိုင်ငံ အခြေစိုက် Overwatch အသင်းဖြစ်တဲ့ LGE.Huya ရဲ့ အဓိက Tank ကစားသမား တစ်ဦး ဖြစ်သလို LGE.Huya အသင်းကို အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့အတွက် အဓိက အထောက်အပံ့ ပေးခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် JMAC ဆိုတာ လက်ရှိ Overwatch လောကရဲ့ အကောင်းဆုံး Tank ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင်လည်း ဖြစ်ပါတယ်။

Schwi and Glister

SCHWI

JMAC နဲ့အတူ London Spitfire Overwatch အသင်းကို ထပ်မံ ရောက်ရှိလာတဲ့ ကစားသမားတွေကတော့ RunAway အသင်းရဲ့ ကစားသမားဟောင်း Lee “Schwi” Dong Jae နဲ့ Gen.G Esports အသင်းရဲ့ ကစားသမားဟောင်း Lim “Glister” Gil-Seong တို့ပဲ ဖြစ်ပါတယ်။

Glister

အဆိုပါ ကစားသမား နှစ်ဦးလုံးဟာ DPS ကစားသမားတွေ ဖြစ်ကြတဲ့အပြင် Hero Pool ကျယ်ပြန့်တဲ့ ကစားသမားတွေလည်း ဖြစ်ကြပါတယ်။ ဒါ့အပြင် ကစားသမား နှစ်ဦးလုံး အနေနဲ့ သက်ဆိုင်ရာ အသင်းတွေနဲ့ အတူ အောင်မြင်မှုကိုလည်း စွတ်ခူးနိုင်ခဲ့ကြပါတယ်။

Fuze, SanGuinar and Highly

Fuze

အသင်းရဲ့ တစ်ဦးတည်းသော ကျန်ရှိခဲ့တဲ့ Support ကစားသမား Krillin နဲ့ အတူ London Spitfire အသင်းမှာ Support တာဝန်ကို ထမ်းဆောင်သွားဖို့ အသစ် ဝင်ရောက်လာသူတွေကတော့ Fusion University Overwatch အသင်းရဲ့ အဓိက Support ကစားသမား Kim “Fuze” Tae Hoon၊ Gen.B အသင်းမှ Lim “SanGuiNar” Kyu Min၊ Seoul Dynasty အသင်းမှ Lee “Highly” Sung Hyeok တို့ပဲ ဖြစ်ပါတယ်။

Fuze နဲ့ Highly တို့ကတော့ သက်ဆိုင်ရာ အသင်းကိုယ်စီရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြတာကြောင့် အထူးတလည် မိတ်ဆက်ပေးစရာ လိုအပ်တော့မှာ မဟုတ်ပေမယ့် SanGuiNar ဆိုတာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးခြင်း မရှိသေးတဲ့ မျက်နှာသစ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Krillin အနေနဲ့လည်း London Spitfire အသင်းကို မျက်နှာသစ် ကစားသမား တစ်ဦးအဖြစ် စတင် ရောက်ရှိခဲ့တာဖြစ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တာကြောင့် SanGuiNar မှာလည်း Krillin လို အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ့် အရည်အချင်းတွေ ရှိနေတယ်လို့ London Spitfire အသင်း တာဝန်ရှိသူတွေက ယုံကြည်ထားကြပါတယ်။

ဒါကြောင့် အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ London Spitfire Overwatch အသင်းအနေနဲ့ ယခင် အချိန်တွေတုန်းကလို အောင်မြင်မှုတွေကို ပြန်လည် စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports