ဝူဟန်မြို့တော် CORONA ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် ယွမ်ငွေ တစ်သန်း လှူဒါန်းလိုက်တဲ့ ၂၀၁၉ ကမ္ဘာ့ချန်ပီယံ LoL အသင်း Funplus Phoenix

ဝူဟန်မြို့တော် CORONA ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် ယွမ်ငွေ တစ်သန်း လှူဒါန်းလိုက်တဲ့ ၂၀၁၉ ကမ္ဘာ့ချန်ပီယံ LoL အသင်း Funplus Phoenix

တရုတ်နိုင်ငံ ဝူဟန်မြို့တော်မှာ စတင် ခံစားခဲ့ရတဲ့ CORONA ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်မှာ သေဆုံးသူဦးရေ ၂၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သလို ကမ္ဘာအနှံ့ CORONA ဗိုင်းရပ်စ် ကူးစက်ခံရသူ လူဦးရေလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းလည်းဖြစ် 2019 LoL World Championship ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ LoL အသင်းလည်းဖြစ်တဲ့ FunPlus Phoenix အနေနဲ့ ဝူဟန်မြို့တော် CORONA ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် ယွမ်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၂ သိန်း ၉ သောင်းခန့်) လှူဒါန်းသွားမှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

FunPlus Phoenix Esports အဖွဲ့အစည်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ လှူဒါန်းငွေကို ဆေးဝါးတွေ ဝယ်ယူရာမှာနဲ့ ဝူဟန်မြို့ ပြန်လည် ထူထောင်ရေး ကဏ္ဍတွေ အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

CORONA ဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့တော်တွင်း ပြည်သူပေါင်း များစွာ ကပ်ဘေးသင့်လျက် ရှိတာကြောင့် FunPlus Phoenix Esports အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်က ဝူဟန် မြို့သူ၊ မြို့သားတွေ အတွက် များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်သလို ဒေသတွင်း အခြားသော Esports အဖွဲ့အစည်းတွေ အနေနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်လာနိုင်သလို အခြားနိုင်ငံတွေမှ Esports အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေကိုလည်း လက်ခံရရှိသွားဖွယ် ရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း CORONA ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရှိမရှိ သေချာခြင်း မရှိသေးတာကြောင့် GameJoe ပရိသတ်ကြီး အနေနဲ့ လူထူထပ်တဲ့ နေရာတွေ သွားခဲ့မယ်ဆိုရင် မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ မသန့်ရှင်းသောလက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ပွတ်သတ်မှုကို ရှောင်ကြဥ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းစတဲ့ အပြုအမူတွေကို လုပ်ဆောင်တဲ့ အခါမှာ တစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပဝါ အုပ်ပြီးမှသာ ပြုလုပ်ခြင်း၊ လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖို့ ဒီနေရာကနေ တစ်ဆင့် အကြံပေးလိုက်ပါရစေ။

REF: OneEsports