CDEC Dota 2 အသင်းနဲ့ အတူ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက် လာခဲ့တဲ့ Inflame

CDEC Dota 2 အသင်းနဲ့ အတူ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက် လာခဲ့တဲ့ Inflame

တရုတ်နိုင်ငံသား Dota 2 ပရိသတ်တွေရဲ့ Babyface Assassin အဖြစ် နာမည်ပြောင် ပေးအပ်ခြင်း ခံထားရတဲ့ Inflame အနေနဲ့ The International 2017 ပြိုင်ပွဲကြီးမှာ LGD Forever Young Dota 2 အသင်းနဲ့အတူ တတိယဆုကို ရရှိခဲ့ပြီးစဉ် အချိန်ကတည်းက အောင်မြင်မှုတွေကို နောက်ထပ် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။ TI 7 ပြိုင်ပွဲ ပြီးဆုံးသွားပြီး နောက်ပိုင်းမှာ LFY အသင်းနဲ့အတူ တစ်နှစ်ခန့် ပြိုင်ပွဲစုံမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့သလို The International 2018 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် Inflame အနေနဲ့ 2018-2019 DPC ရာသီမှာ LFY ကနေ တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်းတစ်ခုဖြစ်တဲ့ Newbee ကိုပြောင်းရွေ့လို့ သွားခဲ့ပါတယ်။ Newbee မှာလည်း Inflame အပါအဝင် အသင်းသားတွေ အားလုံး ကြီးမားတဲ့ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး (၂၀၁၈) နှစ်ကုန်ပိုင်းမှာ Inflame တစ်ယောက် Newbee ကို စွန့်ခွာသွားခဲ့ပါတယ်။

Newbee ကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ Dota 2 လောကထဲကို အသစ် ထပ်မံ ဝင်ရောက်လာတဲ့ Team Sirius မှာ ဝင်ရောက် ကစားခဲ့ပေမယ့် ကျဆင်းနေပြီဖြစ်တဲ့ Inflame ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ Team Sirius အသင်းကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာ Royal Dota 2 အသင်းမှာ နည်းပြ ရာထူးဖြင့် TI 9 လက်ရည်စစ်ပွဲ တစ်လျှောက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ TI 9 လက်ရည်စစ်ပွဲမှာ Royal အနေနဲ့ ကျရှုံးခဲ့တာကြောင့် Inflame တစ်ယောက် အသင်း လက်မဲ့ဘဝကို ထပ်မံ ရောက်ရှိလို့ သွားခဲ့ပါတယ်။

TI 7 နောက်ပိုင်းမှာ အရှုံးတွေနဲ့သာ ဆက်တိုက် ရင်ဆိုင်နေရတဲ့ Inflame တစ်ယောက် Royal အသင်း နည်းပြအဖြစ်ကနေ ထွက်ခွာသွားခဲ့ပြီး Dota 2 လောကကနေ ကွယ်‌ပျောက်လို့ သွားခဲ့ပါတယ်။ TI 9 ပြိုင်ပွဲကြီး ပြီးဆုံးပြီး နောက်ပိုင်းမှာတော့ Inflame တစ်ယောက် WoW ကစားသမား ဘဝကို ခံယူသွားခဲ့ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ Inflame အနေနဲ့ WoW Classic Server မှာ တရုတ်နိုင်ငံ ကိုယ်စားပြု ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဟောင်း LongDD နဲ့အတူ ပျော်မွေ့လို့ နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက် အနည်းငယ် အတွင်းမှာ CDEC အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားခြင်းနဲ့ အတူ WoW ကစားသမားကို စွန့်ခွာလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Inflame အနေနဲ့ CEDC အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့တဲ့ Hainan Master Cup မှာ စတုတ္ထဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Hainan Master Cup ပြီးဆုံးသွားတဲ့ အချိန်မှာတော့ CDEC အသင်း အနေနဲ့ Inflame ကို အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခဲ့ပါတယ်။

CDEC အသင်းအနေနဲ့ Offlane (Pos 3) ကစားသမား Inflame ကို‌ ခေါ်ယူပြီး နောက်ပိုင်းမှာ လေးပတ်ဆက်တိုက် ရှုံးပွဲမရှိဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ဒီဇင်ဘာလ အတွင်းမှာ ကျင်းပသွားမယ့် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ဖြစ်တဲ့ DreamLeague Season 13: The Leipzig Major လက်ရည်စစ်ပွဲမှာ Inflame တစ်ယောက် CDEC အသင်းသားတွေနဲ့အတူ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports