Dignitas နဲ့ ဆက်လက် လက်တွဲဖို့အတွက် ‌ဒေါ်လာ ၂.၃ သန်းတန် စာချုပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ Professional LoL ကစားသမား Huni

Dignitas နဲ့ ဆက်လက် လက်တွဲဖို့အတွက် ‌ဒေါ်လာ ၂.၃ သန်းတန် စာချုပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ Professional LoL ကစားသမား Huni

နယူးဂျာစီ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Dignitas အနေနဲ့ 2020 LoL ရာသီမှာ ဝင်ရောက် ဆင်နွှဲနိုင်ဖို့ အတွက် Clutch Gaming မှ ကစားသမားတွေကို ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံသား နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်၊ Clutch Gaming ရဲ့ Top Lane ကစားတစ်ဦးလည်းဖြစ်သူ Heo “Huni” Seung Hoon ကိုလည်း Dignitas LoL အသင်းမှာ နောက်ထပ် ၂ ထပ်ခန့် ထပ်မံ ကစားဖို့ အတွက် ဒေါ်လာ ၂.၃ သန်းတန် စာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

အခုလို စာချုပ်သစ်ကို ချုပ်ဆိုလိုက်နိုင်တဲ့ အတွက် လစာအများဆုံး ရရှိတဲ့ LCS ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြိး တစ်လကို ဒေါ်လာ ၉၅၈၀၀ ခန့် ရရှိမှာ ဖြစ်ပါတယ်။ Hunni အနေနဲ့ Clutch Gaming LoL အသင်းနဲ့ အတူ Worlds 2019 Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း အုပ်စုအဆင့်မှာ အင်အားကြီး အသင်းတွေဖြစ်တဲ့ SK Telecom, Fanatic, Royal Never Give Up တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း မြောက်အမေရိက ဒေသတွင်း Top Lane ကစားသမားတွေ အထဲမှာ Huni အနေနဲ့ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အပြင် ၂၀၁၇ ခုနှစ်တုန်းက SKT အသင်းနဲ့အတူ Worlds Championship 2017 မှာ ဒုတိယ နေရာကို ရယူနိုင်ခဲ့တာကြောင့် Dignitas LoL အသင်း အနေနဲ့ အခုလို ကာလရှည် စာချုပ်ကို ချုပ်ဆိုခဲ့ရတာပဲ ဖြစ်ပါတယ်။

Huni အနေနဲ့ Clutch Gaming LoL အသင်းမှာ ကစားမီ အချိန်မှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ Fnatic, SK Telecom T1 စတဲ့ အသင်းတွေမှာလည်း မြင့်မားတဲ့ လစာနဲ့ ကစားခဲ့တာကြောင့် အခုလို မြင့်မာတဲ့ လစာကို ရရှိခဲ့တာ Huni အတွက် ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

Huni အနေနဲ့ အခုဆိုရင် တစ်နှစ်ကို ဒေါ်လာ ၁.၁၅ သန်းခန့် ဝင်ငွေ ရှိနေပြီ ဖြစ်တာကြောင့် ဒေသတွင်း ပြိုင်ပွဲတွေမှာ သာမကပဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာပါ Dignitas အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးဖို့ အတွက် လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။ Huni အနေနဲ့ နောက်လာမယ့် ၂၀၂၀ LoL ပွဲစဉ်များကို လခနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Dignitas LoL အသင်းအနေနဲ့လည်း အသင်းရဲ့ လက်ရှိ လူစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ဖို့ အတွက် ပြင်ဆင်နေခြင်း မရှိတာကြောင့် ၂၀၂၀ ခုနှစ်မှာ ကျင်းပသွားမယ့် LoL ပြိုင်ပွဲတွေမှာလည်း လက်ရှိ လူစာရင်းဖြင့်သာ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ Dignitas LoL အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Heo “Huni” Seun Hoon (Top)
  • Nam “Lira” Tae Yoo (Jungle)
  • Tanner “Damonte” Damonte (Mid)
  • Cody “Cody Sun” Sun (Bot)
  • Philippe “Vulcan” Laflamme (Support)

REF: VpEsports