ဒုတိယမြောက် Minor ပြိုင်ပွဲ WePlay! Bukovel Minor 2020 မှာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းများ

ဒုတိယမြောက် Minor ပြိုင်ပွဲ WePlay! Bukovel Minor 2020 မှာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းများ

WePlay! Bukovel Minor 2020 ဆိုတကတော့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့အပြင် ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံး ကျင်းပသွားမယ့် DPC ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ WePlay! Bukovel Minor ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၃ သိန်း၊ DPC Points 660 တို့ကို ခွဲဝေ ပေးအပ်သွားမှာ ဖြစ်တဲ့အပြင် အဆိုပါ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် DreamLeague Season 13 Major ပြိုင်ပွဲကြီးမှာ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် အတွက် လက်ရည်စစ်ပွဲတွေကို ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ WePlay! Bukovel Minor ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရရှိသွားတဲ့ အသင်းတွေလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

  • မြောက်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

ဥရောပ အခြေစိုက် Dota 2 အသင်းကြီး အများစု ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်လာခြင်းကို ရှောင်ရှားနိုင်ဖို့ အတွက် မြောက်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ NIP Dota 2 အသင်း အနေနဲ့ DreamLeague Season 13 Major ပြိုင်ပွဲကြီးရဲ့ လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့ခြင်း မရှိပေမယ့် WePlay! Bukovel Minor 2020 လက်ရည်စစ်ပွဲမှာတော့ Team Xolotl, J.Storm စတဲ့ အသင်းတွေကို အနိုင်ယူပြီး ဒုတိယမြောက် Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

NIP Dota 2

NIP Dota 2 အသင်းနဲ့အတူ WePlay! Bukovel Minor 2020 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ နောက်ထပ် အသင်း တစ်သင်းကတော့ မြောက်အမေရိက ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Eternal Envy, Aui2000, Sneyking စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Fighting PandaS Dota 2 အသင်းပဲ ဖြစ်ပါတယ်။

Fighting PandaS 
  • တောင်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

တောင်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲမှာတော့ ယခင် Pain Gaming ရဲ့ ကစားသမားဟောင်း Duster ပါဝင်တဲ့ Furia Esports အနေနဲ့ လက်ရည်စစ်ပွဲ တစ်လျှောက် ပွဲငယ်တစ်ပွဲတောင် ရှုံးနိမ့်ခဲ့ခြင်း မရှိပဲ WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

Furia Esports
  • ဥရောပဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

ဥရောပဒေသတွင်း လက်ရည်စစ်ပွဲမှာတော့ ပရိသတ် အချစ်တော် ကစားသမားတွေဖြစ်တဲ့ Kuroky, GH, Miracle, Mind Control, W33.Ha တို့ဖြင့် ဖွဲ့စည်းထားတဲ့ Nigma Dota 2 အသင်း အနေနဲ့ Vikin.gg Dota 2 အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Nigma Dota 2
  • CIS ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ
Gambit.Fng

DreamLeague Season 13 Major လက်ရည်စစ်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် Virtus Pro, Na’Vi စတဲ့ CIS ဒေသတွင်း အင်အားကြီး အသင်းတွေကို ယှဉ်နိုင်ခဲ့ခြင်း မရှိတာကြောင့် Fng ဦးဆောင်တဲ့ Gambit Esports၊ ILTW, Immersion စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Spirt Dota 2 စတဲ့ အသင်းတွေနဲ့ Minor လက်ရည်စစ်ပွဲကို သက်ဆင်းပေးခဲ့ရပါတယ်။

Team Spirit

Minor လက်ရည်စစ်ပွဲမှာတော့ Team Spirt, Gambit Esports စတဲ့ Dota 2 အသင်းတွေ အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ပြိုင်ဘက် အသင်းတွေကိုလည်း အနိုင်ရရှိခဲ့တာကြောင့် WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

  • တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

ဝါရင့်ကစားသမား Super ဦးဆောင်တဲ့ Royal Never Give Up Dota 2 အသင်း အနေနဲ့ လက်ရည်စစ်ပွဲ တစ်လျှောက် Sylar, Faith_Bian, Y စတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Ehome၊ Inflame ပါဝင်တဲ့ CDEC Gaming စတဲ့ အသင်းတွေကို အနိုင်ယူကာ WePlay! Bukovel Minor 2020 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

RNG.Monet
  • အရှေ့တောင်အာရှ ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

အရှေ့တောင်အာရှ ဒေသတွင်း လက်ရည်စစ်ပွဲရဲ့ Grand Final ပွဲစဉ်မှာ Geek Fam Dota 2 အသင်း အနေနဲ့ Cignal Ultra Dota 2 အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

Geek Fam

Geek Fam ဆိုတာကတော့ ယခင်အချိန်တုန်းက အရှေ့တောင် အာရှဒေသတွင်း အကောင်းဆုံး Carry ကစားသမား အဖြစ် နာမည်ကျော်ကြားခဲ့တဲ့ Raven၊ 2018-2019 ရာသီမှာ TNC Dota 2 အသင်းနဲ့အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တဲ့ KuKu၊ ကိုရီးယားနိုင်ငံသား နာမည်ကျော် Support ကစားသမား DUBU၊ POS 4 (Support) Role ကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်တဲ့ Xepher၊ အမေရိကန်နိုင်ငံသား ဝါရင့် ကစားသမား Ryoya (747) တို့ဖြင့် ဖွဲ့စည်းထားတဲ့ Dota 2 အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။

REF: Liquipedia