အနာဂတ် အစီအစဥ်တွေနဲ့ ပတ်သတ်ပြီး ပြောကြားသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Guardian

အနာဂတ် အစီအစဥ်တွေနဲ့ ပတ်သတ်ပြီး ပြောကြားသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Guardian

Guardian အနေနဲ့ ရှေးယခင် အချိန်တွေတုန်းက Natus Vincere CSGO အသင်းနဲ့ အတူ ထွန်းတောက်ခဲ့ပေမယ့်လည်း နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Faze Clan ကို ရောက်ရှိပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Faze Clan မှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Guardian ကို အသင်းကနေ အနားယူသွားတဲ့ Zeus နေရာမှာ အစားထိုးဖို့ အတွက် Natus Vincere CSGO အသင်း အနေနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ယခင်အချိန်တွေတုန်းက Guardian တစ်ယောက် Na’Vi CSGO အသင်းနဲ့အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တာကြောင့် အသင်းနဲ့ ဒုတိယ အကြိမ် ပြန်လည် ပူးပေါင်းခဲ့စဥ် အချိန်မှာ လက်စွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ပြီး အောင်မြင်မှုတွေကို ထပ်မံ စွတ်ခူးနိုင်မယ်လို့ ပရိသတ် အများစု အနေနဲ့ ယုံကြည်ခဲ့ကြပေမယ့် Guardian ရဲ့ စွမ်းဆောင်ရည်ကတော့ ဆက်လက် ကျဆင်းလို့ လာခဲ့သလို Na’Vi CSGO အသင်း အနေနဲ့ ပြိုင်ပွဲ အများစုမှာ ဆိုးဝါးတဲ့ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့်လည်း စွမ်းဆောင်ရည် ကျဆင်းနေတဲ့ Guardian ကို အသင်းကနေ ထုတ်ပယ်ပြီး လူငယ်ကစားသမား တစ်ဦးဖြစ်သူ Perfecto ကို Natus Vincere CSGO အသင်း အနေနဲ့ အစားထိုး ခေါ်ယူခဲ့ပါတယ်။ Natus Vincere CSGO အသင်းကနေ ထုတ်ပယ်ခံရစဥ် အချိန်ကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ Guardian အနေနဲ့ ယခုအခါမှာတော့ ရှေ့ဆက်လျှောက်မယ့် အနာဂတ် လမ်းခရီးနဲ့ ပတ်သတ်ပြီး အကြမ်းဖျင်း ပြောကြားလို့ သွားခဲ့ပါတယ်။

Guardian အနေနဲ့ ESL One: Rio 2020 ပြိုင်ပွဲကြီး ပြီးဆုံးစဥ် အချိန်အထိ ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ကြောင်း၊ အားလပ်နေတဲ့ ကာလမှာ Streaming ကိုသာ ဦးစားပေး ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ESL One: Rio 2020 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်မှာတော့ ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကို ပြန်လည် ခံယူသွားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နာမည်ကျော် CSGO အသင်း အများစု အနေနဲ့ ကောင်းမွန်တဲ့ လူစာရင်းတစ်ခုကို အသီးသီး ပိုင်ဆိုင်ထားကြပြီ ဖြစ်တာကြောင့် Guardian တစ်ယောက် ESL One: Rio 2020 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်မှာ နာမည်ကျော် CSGO အသင်း တစ်သင်းသင်းကို ပြောင်းရွေ့သွားမလား ဒါမှမဟုတ် Streamer အဖြစ်ပဲ အပြီးပိုင် ရပ်တည်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming