League Of Legends 2019 World ချန်ပီယံ FunPlus Phoenix အသင်းအကြောင်း သိကောင်းစရာများ

League Of Legends 2019 World ချန်ပီယံ FunPlus Phoenix အသင်းအကြောင်း သိကောင်းစရာများ

တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းတစ်ခုဖြစ်တဲ့ FunPlus Phoenix အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပသွားခဲ့တဲ့ LoL 2019 World ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်မှာ G2 Esports ကို သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ FunPlus Phoenix LoL အသင်းအနေနဲ့ LoL 2019 World Champion ဆုဖလားကို ရယူနိုင်ခဲ့တဲ့ အပြင် LPL Spring, LPL Summer စတဲ့ ပြိုင်ပွဲတွေမှာ ပထမနေရာ၊ LPL Summer Championship ပြိုင်ပွဲမှာလည်း ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် 2019 ခုနှစ်ရဲ့ အကောင်းဆုံး LoL အသင်းအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် League of Legends 2019 World ချန်ပီယံ FunPlus Phoenix အသင်းသားတွေ အကြောင်းကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

Kim “GimGoon” Han Saem (Top)

FPX အသင်းရဲ့ Top Laner ကစားသမား GimGoon အနေနဲ့ LoL ပရိုဖက်ရှင်နယ် ကစားသမားအဖြစ် ရပ်တည်ခဲ့တာ အချိန်ကာလ (၆) နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိုဖက်ရှင် ကစားသမား ဘဝကို Xenics Storm အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် စတင်ခဲ့တာ ဖြစ်ပြီး FPX အသင်းကို မပြောင်းရွေ့ခင် အချိန်မှာ Energy Pacemaker, Game Talents စတဲ့ အသင်းတွေကို ကစားခဲ့သေးပါတယ်။

FPX အသင်းကိုတော့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ GimGoon အနေနဲ့ Gangplank, Gnar စတဲ့ Champion တွေကို (၂၀၁၉) ရာသီမှာ ပွဲစဉ်ပေါင်းများစွာ ကစားခဲ့ပြီး LoL World 2019 ဗိုလ်လုပွဲစဉ်တွေမှာလည်း အဆိုပါ Champion တွေကို အသုံးပြုပြီး G2 Esports ကိုအနိုင်ယူခဲ့ပါတယ်။

Gao “Tian” Tian-Liang (Jungle)

အသက် (၁၉) နှစ်သာ ရှိသေးတဲ့ Tian ကတော့ FPX အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ အသက်အရွယ် ငယ်ရွယ်သေးပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး Jungler တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ကြောင်းကို LoL World 2019 ချန်ပီယံဆုကို ရရှိခြင်းဖြင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Tian အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ကစားသမားဘဝကို တရုတ်နိုင်ငံ အခြေစိုက် Young Miracles အသင်းနဲ့ အတူ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ FPX အသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

Tian အနေနဲ့ Gragas, Elise, Lee Sin စတဲ့ Champion တွေကို ကိုင်တွယ်ရတာ နှစ်သက်ပြီး G2 Esports နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာလည်း အဆိုပါ Champion တွေကို ကိုင်တွယ်ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Kim “Doinb” Tae Sang (Mid)

Doinb ကတော့ အသက် (၂၂) နှစ် အရွယ်ရှိ ကိုရီးယားနိုင်ငံသား Midlaner တစ်ဦးပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို Qiao Gu Reapers အသင်းမှာ စတင်ခဲ့ပြီး Newbee, JD Gaming, Rogue Warriors စတဲ့ အသင်း‌ပေါင်းများစွာကို ပြောင်းရွေ့ကစားခဲ့ပါတယ်။ Doinb အနေနဲ့ FPX အသင်းကိုယ်စားပြု ကစားသမား ဘဝကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ခံယူခဲ့တာ ဖြစ်ပါတယ်။

Doinb အနေနြ့ Rype, Karma စတဲ့ Champion တွေကို ကိုင်တွယ်ကစားရတာ နှစ်သက်ပြီး လက်ရှိ Meta မှာ အသုံးဝင်ခြင်း မရှိဘူးလို့ အများစုက သတ်မှတ်ထားတဲ့ Champion တွေကို ကိုင်တွယ် ကစားရတာကို နှစ်သက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Lin “Lwx” Wei Xiang (ADC)

အသင်းရဲ့ ADC ကစားသမား တစ်ဦးဖြစ်သူ Lwx ကတော့ FPX အသင်းမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကတည်းက စတင် ကစားခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ Tan Chi Sa အသင်းနဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စတင် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အစောပိုင်း ကာလတွေမှာ Newbee LoL အသင်းမှာ ကစားခဲ့ပါသေးတယ်။ Lwx အနေနဲ့ Kia’Sa, Varus စတဲ့ Champion တွေကို ကိုင်တွယ်ရတာ ကြိုက်နှစ်သက်ပြီး G2 Esports နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ LoL Worlds 2019 ဗိုလ်လုပွဲစဉ် သုံးပွဲလုံးမှာ 0 Death ဖြင့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မှတ်တမ်းသစ် တစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။

Liu “Crisp” Qing Song (Support)

Oh My God အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ Crisp အနေနဲ့ အသင်းဖော်ဟောင်း Lwx နဲ့အတူ FPX အသင်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Crisp အနေနဲ့ ၂၀၁၉ ရာသီမှာ Tanky Support Champion တွေဖြစ်တဲ့ Tahm Kench, Alistar, Braum စတဲ့ Champion တွေကို ကိုင်တွယ်ပြီး FPX အသင်းကို အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

REF: OneEsports